Wednesday, June 16, 2010

ကိုယ်ပိုင်ဘလော့တွေ အကြောင်း ...။


ဘလော့တွေခေတ်စားလာတာ ကြာပါပြီ။ မလုပ်ဖြစ်ဘူးလားဆိုလဲ .. လုပ်ဖြစ်တရ်။ တော်တော်ကို ၀ါသနာပါတာ။ ဘရ်သူမှမသင်ပေးပေမယ့် အော်လိုင်းကနေ သင်ယူတရ်။ စမ်းလုပ်ကြည့်တရ်။ www.webs.com တို့ .. www.wordpress.com တို့ www.one-free-website.com အဲ့ဒီမှာ လက်ကမြင်း တရ်။ ကျွမ်းကျင်အဆင့်တော့ မဟုတ်ပါဘူး။ ဒီလိုပဲ လျှောက်ကလိရင်း .. "ကြယ်အိမ်မက်" "လွမ်းတဲ့နေ့" "ညကဗျာ" "စုစည်းမူ ရလဒ်" "အိမ်လွမ်းသူ" .. စတဲ့ ဆိုဒ်တွေကို ဖန်တီးမိပါတရ်။ အော်လိုင်းမှာတွေ့ သမျှနည်းလမ်းတွေယူ .. လိုက်ဖတ်လေ့လာပြီး နေ့မအိပ် ညမအိပ် .. အဆောင်မှာ လုပ်ပါတရ်။ Blogger တွေအသုံးပြုတဲ့လူအရမ်း များလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မသုံးဖြစ်ခဲ့ပါဘူး။ အခုတော့ ပြီးခဲ့တဲ့ အရင်ဘလော့တွေမှာ ပြသာနာအနည်းငယ်ရှိခဲ့လို့ ဆိုဒ်ပြောင်းမရ်ဆိုပြီး Blogger ဆီကိုပဲလှမ်းလာခဲ့ခြင်းပါ။ ဘလော့ အဟောင်းတွေရော် အသစ်တွေရော ရောပြီး ပြန်တင်ပေးမှာဖြစ်ပါတရ်။ အရင်လိုပဲပြန်ပြီး အားပေးကြပါနော် ....။

No comments:

Post a Comment