
ရေတံခွန် အကြီးကြီးတစ်ခု ဖြတ်သန်းစီးဆင်းသွားတရ်
စက်ရုံအကြီးကြီးတစ်ခု တည်ဆောက်ထားတရ်
ဓါတ်တိုင်အကြီးကြီးတွေ အများကြီး တည်ဆောက်ထားတရ်
အဲ့အနားမှာ မြေမြုပ်မိုင်းတွေ 18000 လုံးမြုပ်ထားတရ် ...
မြင်ကွင်း(၁)
မနီးမဝေး တနေရာမှာ .....
တဲလေးထဲက သားအမိ ၂ယောက် မီးဇာကုန်ခါနီး ရေနံဆီမီးခွက် အလင်းရောင်အောက် ...
သား- အမေ ... သားတို့ ခေါင်းပေါ်ကနေ ဖြတ်သွားတဲ့ ကြိုးတွေက ဘာတွေလဲဟင်
အမေ- အဲ့ဒါ လျှပ်စစ်ကြိုးတွေပေါ့ သားရယ် ....
သား- လျှပ်စစ်ကြိုးဆိုတာ ဘာတွေလဲ
အမေ- ဟိုးးးးမှာ ဘီလူးချောင်းကြီးကို သိတရ်မဟုတ်လား သား။ အဲ့ဒီကနေ လျှပ်စစ်ဓါတ်အားတွေ ထုတ်လုပ်တဲ့ စက်ရုံရှိတရ်။ အဲ့ဒီကနေ မြန်မာတနိုင်ငံလုံးကို လျှပ်စစ်မီးအလင်းရောင်တွေ ထုတ်လွှတ်ပေးနေတာပေါ့
သား- လျှပ်စစ်မီးဆိုတာ ဘယ်လိုမျိုးလဲဟင် ... ဒီမီးလိုပဲ လင်းသလား (ရေနံဆီခွက်ကို လက်ညိုးထိုးလျက်)
(ဒီမှာပဲ တစ်ခန်းရပ်လိုက်ရအောင် .............)
မြင်ကွင်း (၂)
မနီးမဝေး တနေရာ ... နောက်တဲတလုံးအတွင်း
လူ(၁) - အေးဗျာ ... ကိုဘမောင်ကြီး မိုင်းနင်းမိပြီး ခြေတဖက် ပြတ်သွားရှာပြီ။
လူ(၂) - ဟုတ်ပါ့ဗျာ ... ကြားရတာ စိတ်မကောင်းလိုက်တာဗျာ။
လူ(၁) - တကရ်တော့ ဒါဟာ ရွာဧရိယာအတွင်းပဲ။ မိုင်းတွေ ရှိနေတာ ရွာသူရွာသားတွေအတွက် အန္တရယ်ပဲပေါ့ဗျာ။
လူ(၂) - ဒါနဲ့ ... ကိုဘမောင်အဆင်ပြေရဲ့လားမသိဘူးဗျာ။ သူ့မိသားစုလဲ သူ့ပဲအားကိုးနေရတာ။ အခုတော့ ...
လူ(၁) - သူ့သမီးအကြီးလဲ အခုတော့ တဖက်နိုင်ငံ အလုပ်လုပ်ရင်း မိသားစုကို ထောက်ပံ့မရ်ကြားတရ်။ ခေတ်ကာလကလဲ မကောင်းတော့ ကလေးတွေ ဒီလိုပဲ ဘ၀ပျက်နေရပြီဗျာ ...
လူ(၂) - ဒါနဲ့ ရွာသူကြီးရော် ဘာအကြံဥာဏ်မှ မပေး မကူညီဘူးလားဗျာ။
(ဒီမှာ တစ်ခန်းရပ်လိုက်ရအောင် .........)
မြင်ကွင်း(၃)
ကိုဘမောင်တဲ ...
သူကြီး - ကဲဗျာ .. ကျုပ်လဲ ခင်ဗျားကို စာနာပါတရ်။ ဒါမယ့် ကျုပ်လဲ ဘာမှမတတ်နိုင်ဘူး။ အခု တာဝန်ရှိသူတွေက ကျုပ်ကို မိုင်းဖိုး ပြန်ရော်ခိုင်းနေတရ်
ဘမောင် - သူကြီးရယ် .. ကျုပ်တို့ မိသားစုကို သူကြီးနားလည်ပါတရ်။ ကျုပ်သမီးကြီးက အခုမှ ၁၃နှစ်ပဲရှိသေးတာ။ သူ့အမေကလဲ လူမမာ။ အခုကျွန်တော်ကလဲ ဒီလိုဖြစ်တော့။ ဆေးဖိုးတောင် မတတ်နိုင်တဲ့အချိန်မှာ .....
သူကြီး - ကဲ ... ဒါတွေကျွန်တော် ဘယ်လိုမှ မတတ်နိုင်ဘူး။ မိုင်းဖိုး 10 သိန်းကို ခင်ဗျားပေးဖို့စဉ်းစားထားပါ။ ခင်ဗျားကို ကျုပ်အတန်တန်သတိပေးတရ်။ ရွာဧရိယာ တွင်းမှာပဲနေပါလို့ ... အခုတော့ .....
(ဒီမှာပဲ တစ်ခန်းရပ်လိုက်ရအောင် ........)
ထောင်တွင်း အကျဉ်းတစ်နေရာ ..............
ဘမောင် - ဘယ်ဘ၀က ၀ဋ္ဋ်ကြွေးတွေလဲဗျာ ... မိသားစုလဲနဲ့ ရှင်ကွဲကွဲရ .. သမီးလေးလဲ တဖက်နိုင်ငံမှာ အလုပ်သွားလုပ်ရင်း အဆက်သွယ်မရတော့တာကြာပြီ။ ငါလဲ ဒီမှာ ဘယ်လောက်ကြာအောင် နှိပ်စက်ခံနေရဦးမလဲမသိဘူး။ ငါ့မိန်းမ လူမမာလဲ ဆုံးသွားတာမြေချခွင့်တောင် မရခဲ့ဘူး။ ငါလိုလူတွေ ဘယ်လောက်တောင် များပြားနေခဲ့မလဲ ..........
ကဲ .. သူငယ်ချင်း ....
ဒါတွေဟာ တကရ့်အဖြစ်ပျက်တွေပါ ....
ဖြစ်ပျက်နေတာ ဘယ်နေရာလို့ ထင်ပါသလဲ ...။
တွေးစရာ တစ်ခုတော့ ကျန်ခဲ့မရ်လို့ ထင်ပါတရ် ..........
သူငယ်ချင်းအားလုံးကို လေးစားလျက် ...
ATM
(အသံမဲ့ လူငယ်)
No comments:
Post a Comment