Thursday, October 21, 2010

နောက်ဆုံး အချစ်

ရေပြင်ပေါ် ရောင်ပြန်ဟပ်လာတဲ့
ကောင်းကင်ပေါ်က တိမ်စိုင်ပုံရိပ်
ခဲတစ်လုံးရဲ့ ရိုက်ချက်အောက်မှာ
ရှပ်တိုက်ပြေးလွား လိမ်ညာနေသလို ..

ခံစားတတ်တဲ့ နှလုံးသားနဲ့
ရောင်ပြန်ဟပ်နိုင်သူ တစ်ယောက်
မှန်တစ်ချပ်ရှေ့ကို ရပ်လိုက်ချိန်မှာတော့
မှန်က ကြေကွဲခြင်းနဲ့ သစ္စာဖောက်တရ် ..
သူပြုံးရင် မှန်ကလိုက်ပြုံးနေသလို
လမိုက်တစ်ည သူဟန်ဆောင်လိုက်တရ်
မှန်ကိုသူ ချခွဲလိုက်ချိန်မှာတော့
ကြေကွဲ သွားတာ ဘရ်သူလဲ ...
အမှန်တရားဆိုတာကို သူခံစားမိချိန်
မှန်ကိုတစ်စစီ ပြန်ကောက်နေမိတရ်
သူ့လက်က မှန်ကွဲဒဏ်ရာကို သူရရှိချိန်
သူနားလည်သွားတရ် ...
အချိန်တွေရယ် နှောင်းခဲ့ပြီလား
ရေပြင်ရဲ့ ဟားတိုက်သံတွေ မုန်းလာတရ်
တစ်ယောက်တည်း လှည့်ပြန်လာခဲ့တရ်
အရင်အချိန်တွေဆီ တစ်ယောက်တည်းပေါ့ ... ။

(အသံမဲ့ လူငယ်)
21 Aug, 2010

No comments:

Post a Comment