
စိုးရိမ်သံ လွမ်းဆွတ်သံ တွေရော 10 ဟာ 46ဆိုတာ ငါတို့ အဖြေထုတ်ခဲ့ကြတရ် ...။ နောက်ညတွေ အိမ်မက် မက်ချင်နေတုန်း 14 နဲ့ 58 မညီမျှခြင်း ပုစ္ဆာ အတင်းညီမျှ စေခဲ့တရ် ...။ ငါတို့တွက်ခဲ့တဲ့ ဂဏာန်းတွေ အားလုံး ကုန်ဆုံး ပျောက်ကွယ်သွားခဲ့ ရင်ထဲကို အလွမ်းတွေအဖြစ် ပြောင်းလဲ အားအင်တွေ ဖြစ်ခဲ့တရ်။ စကားတွေမကုန်သေးပေမယ့် ချက်နက်ကျသလို ... အင်တင်တင် မချွတ်ချင် ချွတ်ချင် အီးယားဖုန်းကို ပြန်သိမ်း ဒီညအဖို့ ဒီလောက်ပဲလွမ်းကြစို့ ....။ လက်တော့ပ်က ဒတ်စ်တော့ပ်ပေါ် ထာဝရ ရဲ့ အလွမ်းပိုင်ရှင် ကြည့်ရင်း .. မိုးလင်းဆဲအိမ်မက်ထဲ စကားတွေဆက်ပြောနေတာ .. မပြီးသေးဘူး ...။ နေ့နဲ့ ညနဲ့ ငါမှားသလား နေ့ ခင်းကြောင်တောင် အိမ်မက်တွေထဲ ၅ ဟာ ၂၄ဆိုတာ
ငြင်းခုန် ကောင်းတုန်း ချစ်သူ ...။
( အသံမဲ့ လူငယ်)
No comments:
Post a Comment