(မဖတ်ကြပါနဲ့ ... )
ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့တဲ့ ညတွေများခဲ့ပြီ ။ မျက်လုံးတွေကြောင်စီစီဖြစ်နေတဲ့ညတွေများခဲ့ပြီ။ ရက် ၃၀ ပဲကျန်တရ် ... ငါအိမ်မပြန်ချင်တော့ဘူး။ ငါအိမ်ပြန်လို့ မဖြစ်ဘူး။ ငါအရှုံးမပေးနိုင်ဘူး။ မဖြစ်သေးဘူး။
ငါဘရ်လိုလုပ်ရမလဲ ...................................။
အာာားးးးးးးးးးးးး ......... တောင်အန္တာတိက ပင်ကွင်းတွေလို အော်ချင်အော်မရ်။ ခုန်ချင်ခုန်မရ်။ ဒါပေမယ့် တစ်ကောင်ကိုတစ်ကောင် ဖင်ကန်ချချင်တဲ့ စိတ်ဓါတ်ငါ့မှာမရှိဘူးကွ။
(ဒီစကားလုံးတွေ တယောက်ယောက်ပြောတာ ငါကြားဖူသလိုပဲ .. အော် .. စီစီအောင် ကဖေးရှေ့မှာ ချီးကားတိုက်ခံရမလိုဖြစ်တဲ့နေ့က သူပြောတဲ့စကားလေ .....)
Wunpawng Ah Myu အတွက်တဲ့ ... ငါ့ဘ၀က ... အခုတော့ ထားခဲ့လိုက်ဦးပေါ့။
ငါ့ဘ၀က ဖေဖော်ဝါရီ ၁၄ မတိုင်ခင်က ဘ၀ကိုပြန်ရောက်သွားပြီတဲ့။ (၂၀၀၇) ဟားဟားးးးးးးးးးးးးးး
ငါ့အခန်းထဲက ကုတင်ပေါ်မအိပ်တာ ၁ပတ်ကျော်ကြာခဲ့ပြီ။ ကြမ်းခင်းပေါ်ဖျာခင်းအိပ်ပြီး မျက်စိကြောင်ခဲ့တဲ့ညတွေများခဲ့ပြီ။
(ဒါကြောင့် အခုတလော အိပ်ငိုက်နေတာ ဟိဟိ ....)
ငါ့အတွက်နဲ့ ငါနဲ့အတူ အိပ်ရေးပျက်ခဲ့တဲ့ လူတွေများခဲ့ပြီ။ အခုတော့ သူတို့တွေဝဍ်ကျွတ်သွားလောက်ပါပြီ။ ပျော်ရွင်ပါစေ သူငယ်ချင်းတို့ရေ ....................။
(အသံမဲ့ လူငယ်)
1Jun, 2010
No comments:
Post a Comment