
အော် .. ဘာလိုလိုနဲ့ ငါထိုင်းကိုရောက်တာ
၃နှစ်ပြည့်တော့မှာပါလား ......။
ငါဘာတွေလုပ်ခဲ့လဲ ..?
ငါပိုက်ဆံတွေရခဲ့လား .. ?
ငါဘွဲ့တွေရခဲ့ပြီလား .. ?
အော် .. ငါ့ကျောင်းတုန်းကသူငယ်ချင်းတွေ
ဘွဲ့လက်မှတ်ကြီးတွေကိုင်
အဖေမေတွေ မောင်နှမတွေသူငယ်ချင်းတွေနဲ့
တစ်ပျော်တပါး ဓါတ်ပုံတွေထဲမှာ ......။
သက္ကသိုလ်ကျောင်းက ဖတ်စာအုပ်လေးတောင်
ငါမကိုင်ဖူး မဖတ်ဖူး မသင်ဖူးခဲ့တာ
သက္ကသိုလ်ကျောင်းတက်ရတာ ပျော်ဖို့ကောင်းတရ်တဲ့
အိမ်က သက္ကသိုလ်တက်နေတဲ့ ညီမလေးကပြောပြတရ် ......။
တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့ထိုင်ရင်း
ပရောဂျက် အစီရင်ခံစာတွေ သတင်းတွေ
ဒိုနာတွေ ပရိုပိုဆာ တွေ .. ဒီစာရင်းဇယားထဲမှာ ထိုင်ရင်း
ငါ့ Album ထဲမှာတော့ သနားစရာလူတွေ အပြည့် ........။
လစာကလဲ မထွက်ပါတရ်။ စားစရာကလဲ မရှိပါတရ်
အိမ်ကိုဖုန်းပြောရင်း မျက်ရည်ဝဲ၀ဲလေး အားတင်းလို့
စဉ်းစားသမျှ တွေးမိသမျှ အားလုံး တစ်ခြားလူအတွက်..
ပေးဆပ်နေတရ် ဒီလက်နှစ်ဖက် သွားနေမယ့် ဒီခြေအစုံ
ကြိုးစားရပ်တည်ခဲ့တဲ့ ငါ့စိတ်ဓါတ်တွေ
ဘွဲ့ဝတ်စုံနဲ့ ဓါတ်ပုံတွေကြားေ၀၀ါးသွားတရ် ......။
ငါ့ဖေဖေင့ါကိုခွဲသွားတာ ၃နှစ်ပြည့်တော့မှာပေါ့
နောက်ဆုံးအချိန်တောင်မတွေ့ခဲ့ရတဲ့ အဖေရယ်
အဖေရဲ့ နောက်ဆုံးဆနကိုတောင် သိခွင့်မရှိခဲ့တရ်
ဒါပေမဲ့ ဖေဖေ .. သမီးကြိုးစားလျက်ပါ။
ဖေဖေ့ခြေရာနင်းပြီး Communities ကိုအကျိုးပြုမရ်။
အခုချိန်မှာ ချစ်သူ ကိုဆုံးရှုံးရလဲနေပါစေ
အခုချိန်မှာ မိဘဆွေမျိုးတွေ အနေဝေးနေရလဲ နေပါစေ
အခုချိန်မှာ ရင်းနှီးခဲ့တဲ့သူငယ်ချင်းတွေမရှိတော့လဲနေပါစေ
အခုချိန်မှာ ငါပိုင်ဆိုင်တာအားလုံး ကွယ်ပျောက်သွားနေပါစေ
အဆုံးထိ ငါတတ်နိုင်သလောက် လှမ်းလျှောက်တော့မရ် ......၊
ငါလိုအပ်နေတာထက် ....
ငါ့ကိုလိုအပ်နေသူတွေအတွက်ပဲ
ငါလုပ်ဆောင်တော့မရ် .... ....။
(အသံမဲ့ လူငယ်)
16 Aug, 2010
No comments:
Post a Comment