Thursday, October 21, 2010

ကလေးရေ ........


ကလေး .. ကိုယ့်ကိုလိုက်မရှာပါနဲ့။ ကိုယ်မင်းအနားမှာရှိနေမရ်။
ကလေး .. ကိုယ့်ကိုမသနားပါနဲ့။ ကိုယ်မင်းထက် အဆပေါင်းများစွာခံစားခဲ့ပြီးပြီ။
ကလေး .. ကိုယ့်အတွက် မဝေမျှပါနဲ့။ ကိုယ်မင်းထက် နာကျင်ခဲ့ဖူးပြီ။
ကလေး .. ကိုယ့်လက်ကိုမတွဲပါနဲ့။ ကိုယ်မင်းကိုထောက်ပံ့နေသူပါ။
ကလေး .. လိမ်မာပါနော်။ ကိုယ်ဟာ ဆိုးမိုက်သူပါ။
ကလေး .. ကိုယ့်အနားက ထွက်သွားပါနော်။ ကိုယ်ဟာ အပြစ်ရှိသူပါ။
ကလေး .. ကိုယ့်ကိုထားခဲ့ပါနော်။ ကိုယ်ဟာ မနေသင့်သူပါ။

မင်းကိုယ့်ကို ကလေးဆိုးလိုအနိုင်ကျင့်ပေမယ့် ကိုယ်ခံပါတရ်။ ကိုယ်မင်းကိုချစ်လို့တော့ မဟုတ်ဘူး။
မင်းခိုင်းတိုင်း ကိုယ်အမြဲလုပ်ပေးခဲ့ပါတရ်။ မင်းကျေနပ်အောင်လို့တော့မဟုတ်ပါဘူး။
မင်းပြောသမျှ ကိုယ်နားထောင်ခဲ့ဖူးပါတရ်။ မင်းပျော်အောင်လို့ မဟုတ်ဘူး။
မင်းအသံလေးနားထောင်ပြီး ကိုယ့်အိမ်မက်တွေပြောပြဖူးပါတရ်။ ဒါပေမဲ့ တကရ်ဖြစ်လာဖို့အတွက် မဟုတ်ဘူး။

ကိုယ်လုပ်ခဲ့သမျှ အရာရာတိုင်းဟာ မင်းအတွက် ဘာမှမဖြစ်စေချင်ခဲ့ပါဘူး။
မင်းကမ္ဘာထဲကနေ မင်းကိုဆွဲထုတ်တဲ့သူ ငါမဖြစ်ချင်ဘူး။
မင်းအိမ်မက်လေးနဲ့ မင်းအိပ်နေတာ ငါမင်းကိုမနိုးရက်ပါဘူး။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မင်းအိပ်ရေးဝဖို့ပဲ ငါမျှော်လင့်ပါတရ်။

မင်းငါ့ကိုမရက်စက်ပေမယ့် ငါမင်းကိုရက်စက်ရတော့မရ်။
မင်းငါ့ကိုမထားခဲ့ချင်ပေမယ့် ငါမင်းကိုထားခဲ့ရတော့မရ်။
မင်းငါ့ကိုစိတ်မဆိုးပေမယ့်လဲ ငါ့ကိုမင်းစိတ်ဆိုးလာအောင် ငါလုပ်ရတော့မရ်။
မင်းငါ့ကိုသံယောဇဉ်တိုးပေမယ့်လဲ ငါမသိသလိုနေရတော့မရ်။

တောင်းပန်ပါတရ် ကလေးရယ်။ ကိုယ့်ကိုမင်းကြိုက်သလိုပြောပါ။ ဒါပေမဲ့ကိုယ်ဟာ အပြစ်ရှိသူ၊ မင်းနဲ့ မထိုက်တန်သူပါ။ ကိုယ့်ကိုမုန်းလိုက်ပါ မေ့လိုက်ပါလို့ ကိုယ်မပြောပေမယ့် မင်းငါ့ကိုနာကျည်းသွားမှာကို ကိုယ် သိသိရက်နဲ့ ကိုယ်ခံစားခဲ့သူပါ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ကိုယ့်ဝဍ်ကြွေးတစ်ခုကြောင့် ကိုယ်ပြန်ခံစားနေရတရ်လို့ပဲ ကိုယ်သတ်မှတ်လိုက်ပါရစေ။ မင်းပျော်ရွင်ဖို့ ကိုယ်ပေးဆပ်နိုင်တာ ဒီတစ်နည်းပဲရှိတရ် ကလေးရယ် .................။

(အသံမဲ့ လူငယ်)
31 May, 2010

No comments:

Post a Comment