
သူ့စကားတွေဟာ မလှပဘူး
သူ့အတွေးတွေဟာ ပုံမှန်ထက်မပိုဘူး
သူ့အမြင်တွေ သာမာန်ထက်မပိုဘူး
သူ့အချစ်တွေ ငါ့အတွက် ရိုးရိုးလေးပဲ ...
ငါစကားကိုသွယ်ဝိုက်ပြောတတ်တရ်
ငါ့အတွေးတွေ စိတ္တဇကွင်းပြင်ကြီးလို
ငါ့အမြင်တွေ ထိုးဖောက်နေတဲ့မြှားတစ်စင်းလို
ငါ့အချစ်တွေ သူ့အတွက် လန်းဆန်းနေစေချင်တရ် ...
သူပြောတဲ့စကားတိုင်း ငါ့ရင်ထဲသိမ်းထားမိတရ်
သူရေးတဲ့ ကဗျာတိုင်းလဲငါအလွတ်ရခဲ့တရ်
သူလုပ်နေသမျှကိုလဲ ငါမြဲစောင့်ကြည့်နေခဲ့တရ်
သူ့အတွက်လဲ အမြဲအမှတ်တရဖြစ်တာတွေ ငါလုပ်ပေးချင်တရ် ...
ငါပြောတဲ့စကားတိုင်းလဲ သူနားမလည်ခဲ့ပါဘူး
ငါရေးခဲ့ ကဗျာတိုင်းလဲ သူမဖတ်ခဲ့ပါဘူး
ငါလုပ်တဲ့ကိတ်စတိုင်းလဲ သူစိတ်မ၀င်စားခဲ့ပါဘူး ...
ငါ့အတွက်လဲ သူဘာမှ မှတ်မှတ်ရရ မလုပ်ပေးခဲ့ဖူးပါဘူး ....
အဲ့သလောက်ထိ သူရိုးနေခဲ့လို့
သူစိမ်းတွေလား သူများမေးရင်
ငါမဖြေတတ်ဘူး ချစ်သူရယ် .........။
(နင်ပဲဖြေလိုက်ပါ ......... )
ဒီလိုပါပဲ ...
ငါနဲ့ သူနဲ့ ... သူနဲ့ ငါနဲ့
ဒီကမ္ဘာကြီးပေါ်မှာ လက်တွဲပြီးလျှောက်ဖူးချင်တရ်
အနာဂတ်တစ်ချိန်ထိ ငါတို့လက်တွေတွဲထားချင်တရ် ...။
(အသံမဲ့ လူငယ်)
6 Oct, 2010
No comments:
Post a Comment