Thursday, October 21, 2010

အထီးကျန်

မိုးရာသီမှာ စိမ်းစိုခဲ့တဲ့

ငါ့ပွင့်ဖက်နဲ့ ငါ့သစ်ရွက်တွေ

ဆောင်းဦးအ၀င်မှာ

အအေးဒဏ်ကို

ငါမခံနိုင်တော့ပါလား ...။

လုံခြုံအောင် မကာကွယ်နိုင်တဲ့

သစ်ပင်ရဲ့ အရိပ်မှာ

ဘရ်သူ ဘရ်ဝါ

ခိုနားချင်မလဲ

စောင့်နေမိလဲ အပိုပဲ ...။

ဒါပေမဲ့ ဒီတစ်နေရာ

ဂတိသစ္စာအမြစ်စွဲလို့

အပြစ်ကြွေးတွေ

ငါသေအောင်ဆပ်ရင်း

ဒီအပင်ကို ရှင်သန်စေမရ် ...။

ဘရ်လောက်ပဲရှင်သန်

ကြွေခဲ့ဖူးတဲ့ ပွင့်ဖက်လေးတွေ

အရောင်မဲ့နေတဲ့ သစ်ရွက်တွေကြား

ဘရ်ငှက်လာခိုနားချင်ပါတော့မလဲ

သူအိမ်ပြန်ပြီပေါ့ ...။

သူပြန်မလာဘူးလား

ငါမတားနိုင်ခဲ့ပါဘူး

သူ့စိမ်းကားမူတွေအောက်

ငါအအေးဒဏ်ကို

ကြိတ်မှိတ်ခံမရ်...။

...

...

...

နွေဦးတစ်နေ့

ငါ့အကိုင်းသစ်မှာ

သူအသိုက်ဆောက်နေတရ်

ငါအားတင်းပြီး မျက်လုံးဖွင့်လိုက်တရ်

ငါ .. ငါဘာမှမမြင်ရတော့ပါလား ... !

(အသံမဲ့ လူငယ်)

6 Oct, 2010

No comments:

Post a Comment