အစကို ငါကြိုမသိခဲ့ပေမယ့်
အဆုံးကိုတော့ ငါကြိုသိခဲ့တရ် ...။
အချစ် နဲ့ အမုန်း
အမုန်းကတော့ ငါ့မှာမရှိတော့ပေမယ့်
အချစ်ကိုတော့ ငါထပ်မသိချင်တော့တာ အမှန်ပဲ ...။
အနီး နဲ့ အဝေး
ငါတို့ ၂ယောက် အနေမနီးပေမယ့်
ဒီထက်တော့ ပိုဝေးမသွားချင်ပါဘူး ...။
အားလုံးရဲ့ အစကနေ အဆုံးထိ
အချစ်တစ်ခုတည်းကို ပဲထာဝရဆုပ်ကိုင်ထားတရ်
အနီးဆုံးလို့ အပြေးလှမ်းတဲ့အခါ
အဝေးဆုံးကို မသိမသာ လှည့်ပြန်နေမိတာ
ဒီထက် ညနက်တဲ့ ညတွေရှိဦးမလား ....။
နောက်ထပ် ပြန်မရနိုင်တော့တဲ့ နေ့တွေ
ပြန်မလာနိုင်တော့တဲ့ စကားသံတွေ
အဝေးကနေ လွမ်းခဲ့ဖူးတဲ့ အနမ်းတွေ
မနေ့ကဆိုတဲ့ နေ့စွဲတွေမှာ တွေဝေ
ဒီနေ့ အထိ ရှိနေတုန်းပဲ ချစ်သူ .....။
(အသံမဲ့ လူငယ်)
12 Oct, 2010

No comments:
Post a Comment