Thursday, October 21, 2010

တစ်နှစ်စာ တံတိုင်း (CDETC)

သူငယ်ချင်းတို့ရေ

ငါတို့တွေ ကံဆိုးလား ကံကောင်းလား

၁၃ ဂဏာန်းတဲ့

ဒါပေမဲ့ သူနဲ့တွဲမိရင်ကံဆိုးတဲ့

သောကြာနေ့ကတော့

ငါတို့တွေ အပျော်ဆုံးဖြစ်ခဲ့ကြတရ်


ပေါက်တိပေါက်ရှာ .....။

မတွေ့ချင်မှအဆုံး

မိုးလင်းလဲ ဒီမျက်နှာ

အခုတော့ ကြည့်မ၀နိုင်လို့

ဓါတ်ပုံတွေ ဖြတ်ဖြတ် ဖြတ်ဖြတ်

ကိုယ့်ပုံတွေသာ ရိုက်တာ

သူတို့ပုံမဟုတ်

အူကြောင်ကြားနဲ့ ငါတို့ပုံ .....။

သူ့ကျတော့ တစ်မျိုး

ငါ့ကျတော့ မီးခိုး

ခွေးသူခိုးမျက်လုံးတွေ

အရောင်မှိန်လို့ သနားစရာ

ခုကျတော့ တောင်းစားနေရှာ

မျက်ရည်ပေါက်ကြီး လာမကျနဲ့

ငါလူမဟုတ်တဲ့ ခွေး .....။

၃အစား၁ တဲ့ ...

ကျန်တဲ့ ကိုးန၀င်းနဲ့

ဘာမှစားမပြတ်ပါဘူးလေ

ဒါတောင် ဟန်ဆောင်ပြီး

အကြွင်းမရှိတဲ့ပုံနဲ့

Presentation တစ်ခုရအောင် ကြိုးစားလို့

ရီသံတွေ ခိုးခိုးခစ်ခစ် .....။

ပြန်ပြောင်းတွေးရင်း

ဒေါသအပြုံးက လာငြိတရ်

အာာ .. ငါ့ကျောပေါ်မတက်နဲ့

ငါ့ထက် ၂ဆခနာကိုယ်နဲ့

ဒါပေမဲ့ ငါ့အဖေကိုတော့

ငါ့ကျောပေါ်ငါထမ်းလာတာပါ

ဟုတ်တရ်နော် အဖေ .....။

တစ်နေ့ညက အသက်ရူကြပ်တာ

အော်လဲမနိုင် ခေါ်လဲဘရ်သူမှမရှိ

အရိပ်လေးဖြတ်သွားလို့

လှမ်းကြည့်မိတာ

မနေ့က ကော်မန့်တွေ

အတွဲလိုက်ပြေးလွားရင်း

ငါ့ကို ခလုတ်တိုက်သွားတာကိုး .....။

မှားညှပ်မိတဲ့ စာရွက်

ပြန်အစားထို့ဖို့အတွက်

တာဝန်တွေကို မကျေပွန်ပါရစေနဲ့

အမိန့်တစ်ခုရဲ့ စစ်တပ်လို

ဒီမိုကရေစီလို့ တော့မအော်ဘူးတဲ့

ကိုယ့်ခံယူချက်နဲ့ ရောက်လာမှတော့

ဒီအတိုင်းခံနေလိုက်ရုံပေါ့ .....။

အသက်တွေ ၁၀လကြီး

အတွေးတွေ ၁၀ဆထပ်မြင့်

ဒီတံတိုင်းပြီး ဘာလာဦးမလဲ

မိုးပျံပူဖောင်းကို လွှတ်တင်လိုက်သလို

အောက်မှာ စာတမ်းလေးတွေချိတ်

ငါရေးထားတာ ကတော့

"ကျေးဇူးတင်တယ် .. လို့" .....။

(ဆက်ရန်ရှိသေးသည်)

20 oct, 2010

1 comment: