"အသံမဲ့ လူငယ် " ဆိုတဲ့ နာမည်နဲ့ဖေ့ဘွတ်သုံးတာ သိပ်မကြာသေးပါဘူး။ အရင်ကတော့ "ကြယ်စင်သစ်" နာမည်နဲ့ စသုံးခဲ့ပြီး။ "စုစည်းမူ ရလဒ်" ဆိုတဲ့ နာမည်နဲ့ ပြန်ဆက်သုံးခဲ့တရ်။ သူငယ်ချင်းတွေ ပြန်စုစည်းရင်း "အသံမဲ့ လူငယ်" ဆိုတဲ့ နာမည်နဲ့ အခုနောက်ဆုံး
သုံးဖြစ်ပါတရ်။ " နာမည် ပြောင်းသုံးတတ်တဲ့လူရဲ့ စိတ်ဟာလဲ မတည်မြဲဘူး .. အမြဲပြောင်းလဲနေမှာပဲ" လို့ .. မိတ်ဆွေ တစ်ယောက်က ပြောဖူးပါတရ်။ အဲ့လိုများဖြစ်နေမလားနော် .... ... ။
"အသံမဲ့ တို့များ လုပ်လိုက်ရင် ဖေ့ဘွတ်မှာ နာမည်ကျော်ချည်းပဲ" လို့ ပြောဖူးခဲ့တဲ့ လူတစ်ယောက်ရှိပါတရ်။ အော် .. ကျော်မှာပေါ့။ ဖေ့ဘွတ်မှာ အက်လာသမျှကိုလဲ လက်ခံပေးတရ်။ လက်ခံပြီးတိုင်းလဲ ကျေးဇူးတင်ကြောင်း wall ပေါ်မှာ တက်ရေးပေးတရ်။ birthday ရှင်တွေကိုလဲ ဆုတောင်းတွေ လိုက်ရေးပေးတရ်။ သူငယ်ချင်းတွေရဲ့ မြောက်များလှစွာတော့ ဓါတ်ပုံတွေကိုလဲ အချိန်ကုန်ခံပြီးကြည့် .. ကော်မန့်ပေးတရ်။ ကိုယ့်ကို ကော်မန့်ရေးတဲ့ သူတွေကိုလဲ ပြန်မန့်ပေးတရ်။ သူငယ်ချင်းတွေရေးတဲ့ ခံစားချက်ပေါင်းများစွာနဲ့ wall ပေါ်က စာတမ်းတွေ note တွေကိုလဲ ၀င်ဖတ် ၀င်ခံစားပေးပြီး။ ၀မ်းနည်းရင် ၀မ်းနည်းသလို ပျော်ရင်ပျော်သလို ... စာရေးသူရဲ့ ခံစားချက်နဲ့အတူ လိုက်ခံစားပေးနေတာ။ ဒါ့အပြင် ကိုယ့်ခံစားချက်နဲ့ကိုယ် ရေးပြန်တော့လဲ သူငယ်ချင်းများစွာရဲ့ အမြင်တွေ ကော်မန့်တွေ လာပေးတာတွေ့ရတော့ ပျော်တရ်။ တခါတခါလဲ ကော်မန့်တွေကြား ရန်မပွားရအောင် ထိန်းရတဲ့အခြေအနေလဲ ရှိဖူးတာပေါ့။ ကျေနပ်ပါတရ် .. လောကကြီးရဲ့ တစ်ထောင့် တစ်နေရာကနေ သူငယ်ချင်းတွေကို ပျော်အောင် လုပ်ပေးနေရလို့ .....
"ဂျီမေလ်းလေးရှိရင် ပေးပါလား " တဲ့ .. သူငယ်ချင်းတွေ တခါတလေ တောင်းတတ်ကြတရ်။ တောင်းတိုင်းလဲ ပေးပါတရ်။ သူငယ်ချင်းဆို ခုံမင်ပြီးသားမို့ .. အကုန်ပေါင်းတရ်။ ပေါင်းရင်းနဲ့ မဟန်ဘူးဆိုရင်တော့ ထွက်ပြေးရတဲ့ အခြေအနေတွေရှိတာပေါ့။ ဒါကလဲ သိပ်တော့ မဖြစ်ဖူးပါဘူး။ ဖေ့ဘွတ်ကြောင့်ရခဲ့တဲ့ သူငယ်ချင်းတွေ နည်းမှမနည်းတော့ပဲ။ အင်း ... ဖေ့ဘွတ်ဖူးစာကလဲ ရှိပါ့။ အင်း ... ဒီအကြောင်းတွေတော့ သိပ်မပြောချင်တော့ပါဘူးလေ။ ရင်းနှီးမူတစခု အနေနဲ့ရော ယုံကြည်မူတစ်ခုကြောင့်ပါ ဖြစ်လာတဲ့ နောက်ဆက်တွဲ ဇာတ်လမ်းလေးတွေပေါ့ ... ဒီလိုနဲ့ သူငယ်ချင်းကောင်းတွေတော့ ရခဲ့ပါတရ်။ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးသွားရင်း တစ်ချို့လူတွေဟာ ကိုယ့်ရဲ့ လူမူရေးလုပ်ငန်းတွေမှာပါ ဆက်စပ်နေတာတွေ့ရတရ်။ ဒါပေမဲ့ အားလုံးကိုတော့ မယုံရပါဘူးလေ။ ကိုယ့်ကိုညာနေတဲ့ လူလဲ ရှိသလို ကိုယ်ကိုယ်တိုင်က ညာနေရတာတွေလဲ ကြုံရတတ်တရ်။
"တခါတလေ မထင်သလို ဘလိုင်းကြီး ကြုံလိုက်ရတာတွေရှိတရ်" ဟိုနေ့လိုပေါ့ .. ဘရ်သူမှန်းမသိ။ ဘရ်ကမှန်းမသိ။ ကိုယ့်ကို မေလ်းပို့ပြီး ဆဲသွားတရ်။ သူ့ profile ကိုလိုက်တော့ ကိုယ်နဲ့ friend မဖြစ်သေးတာ တွေ့လိုက်ရတရ်။ မနက်စောစောမှာ တွေ့လို့ ရတော့ စိတ်ကထောင်းကနဲဖြစ်သွားတရ်။ အဲ့တုန်းကလဲ ဖေ့ဘွတ်ပေါ်တက်အော်တော့ သူငယ်ချင်းတွေ အားလုံးကလဲ အဲ့ကိတ်စနဲ့ ပတ်သတ်ပြီး ၀ိုင်းဆွေးနွေးပေးကြပါတရ် .. ကျေးဇူးတင်ပါတရ်။ အဲ့ထဲမှာ တစ်ယောက်ပြောသွားတာက Facebook Account ကိုprivate မလုပ်ထားပဲ အားလုံးသုံးလို့ ရအောင်လုပ်ထားလို့ဆိုပါတရ်။ ဒါပေမဲ့ မေလ်းပို့တာကတော့ private လုပ်ထားလဲ မေလ်းကတော့ ပို့လို့ရနေတရ်လေနော်။ ထားပါတော့ .. ဘာမှမဖြစ်တော့ပါဘူးလေ။ တခါတလေ ကိုယ့်စကားလုံးရဲ့အောက်မှာ ဘလိုင်းကြီးဝင်ဆော်သွားတာတွေလဲတွေ့ဖူးတရ် .. စိတ်ထဲ တင်းသွားပေမယ့်။ သူ့ကို ဟာသတွေ အပျော်တွေနဲ့ပဲ အဓိပါယ်ပြန်ကောက်ပြီး ဟာသနှော စိတ်ဆိုးခဲ့ဖူးပါတရ်။ ကတ၇်လို့ မခံနိုင်ဘူးဆိုရင်တော့ မသုံးနဲ့ပေါ့ ဟုတ်ဘူးလား။ ဒါက free for express ပေးထားတာပဲ။ ကြိုက်တာပြောကြပါ။
"နာမည်လေးကို စိတ်ဝင်စားလို့ ဘာလို့ ဒီလိုပေးထားတာလဲ" ဆိုပြီး မေးသူတွေလဲ များပါ့။ အင်း ... အဓိပါယ်တော့ အမျိုးမျိုးကောက်ကြပါတရ်။ ဒါပေမဲ့ ကိုယ့်အနေနဲ့တော့ လူငယ်တစ်ယောက်လို ခံစားတရ်။ ပြီးတော့ အသံမဲ့ဆိုတာက အသံတွေမရှိတာကိုဆိုလိုတာပေါ့။ ရူထောင့်တစ်ခုကနေ ကြည့်ရင်တော့ ဘာကြောင့် ဒီနာမည်ပေးထားတာလဲဆိုတာ ချက်ချင်းသိကြပါတရ်။ ဒါပေမဲ့ အဲ့ရူထောင့်နဲ့ မ၀င်တဲ့လူတွေကိုတော့ ရှင်းပြရတာ အ၇မ်းခက်တရ်။ ဘာရူထောင့်လဲ လို့ မမေးပါနဲ့။ လွတ်လပ်ရေးတစ်ခုရဲ့ ရူ့ထောင့်လို့ ပဲမှတ်ထားလိုက်ပါ။
လူငယ်ပေါင်းများစွာ စကားပြောနေတရ်။ သူတို့ အော်သံတွေဟာ သူတို့ရဲ့ ခံစားချက်ရဲ့ နောက်ကွယ် သံတိုင်ကြားမှာ ပျောက်ပျောက်သွားတရ်။ ဒါတွေ သိနေမြင်နေတဲ့ လူငယ်တွေဟာလဲ အသံမဲ့နေလေရဲ့။ အပြင်ရောက်သွားတဲ့ လူငယ်တွေကတော့ လွတ်ငြိမ်းရာကို ပြေးနေလေရဲ့ ..။ ပြန်ပြောပြဖို့ မေ့နေတတ်တရ်။ အသံရှိရက်နဲ့ တစ်ချို့တွေလဲ လွတ်လပ်စွာပြောခွင့် မရှိတဲ့ လူငယ်တွေကို ကိုယ်စားပြုချင်ပါတရ်။ အင်း ... နည်းနည်းတော့ Political ဆန်တရ်လို့ ပြောလို့ရတရ်။ တကရ်လဲ အဲ့လိုဖြစ်အောင် ပေးထားတာပါပဲ။ လူတွေဟာ ကိုယ့်အယူဆနဲ့ ကိုယ်အသက်ရှင်နေကြတာလေ။ ဆိုတော့ ကြိုက်သလို ထင်မြင်နိုင်ပါတရ်။ ဘာဖြစ်ဖြစ် တချို့အခွင့်အရေးတွေ ကိုယ်မလုပ်နိုင်တောင် လုပ်နိုင်တဲ့ နေရာကနေပေါ့။
(အသံမဲ့ လူငယ်)
3 Sep, 2010
No comments:
Post a Comment