ဒီနေ့ ၁၈ ဧပြီ ငါလောကကြီးထဲမှာနေတာ နှစ် ၂၀ ပြည့်ခဲ့ပြီ ..
အဲ့ဒီနေ့ ...
***_* ငါတို့ကျောင်းမှာ လူတွေ လှုပ်လှုပ်ရွရွနဲ့ .. ပြေးလွားနေကြတရ်။ ဒီနေ့ ငါတို့ အားလုံး "အူဘောန်ရချထနီ" ကိုခရီးထွက်ကြမရ်လေ။ ဟိုဟာပြေးယူ .. ဒီဟာပြေးယူနဲ့ .. အားလုံးရှုပ်ရှပ်ခတ်နေခဲ့တရ် ... ငါကတော့ ငါ့ဖုန်းလေးကို
ကြည့်ရင်းနဲ့ပေါ့ ... ကားပေါ်ရောက် တဲ့အထိ ဆူညံနေကြတရ်လေ ...
အဲ့ဒီနေ့ ...
ကားပေါ်မှာ ထိုင်ပြီး ဖုန်းကိုကြည့်ရင်း အသံတစ်ခုကို မျှော်လင့်နေမိတရ် ... ရုတ်တရက်မြည်လာတဲ့ဖုန်းကို ငါကောက်ကိုင်လိုက်မိတရ် .. ငါထင်ထားတဲ့ အသံနဲ့ လွဲနေတရ်။
"မယ်ဆိုင်-တာချီလိတ်မှာ မိုးသီးတွေ ပြင်းထန်စွာရွာနေတရ် .. အိမ်တွေလဲ ပျက်ဆီးကုန်ပြီ .. ကားမှန်တောင်ကွဲကုန်ပြီ။ လူတွေလဲနေစရာမရှိလို့ ပြေးကုန်ပြီ " တဲ့ .. ငါပဲဆုတောင်းပေးလိုက်ပါတရ် .. လူတွေငြိမ်းချမ်းပါစေလို့ ... ဘယ့်နဲ့ ဒီနေ့မှာ မိုးသီးကြွေတရ်လို့ ....
အဲ့ဒီအချိန် ...
ဖုန်းထပ်ဝင်လာပြန်တရ်။ အကို့ဆီကပဲ .. ငါ့မွေးနေ့မို့ဆက်လာတာနေမှာ ...
"ဟလို .... "
"!@#$%^&* ....."
"အဲ ....."
" .......... "
သွားပြီ။ ငါ့မယ်ဆိုင်က အိမ်ခန်းလေး ... ငါ့အိပ်ခန်းပေါ် မိုးသီးကြွေတာ .. အမိုးက မခံနိုင်ပဲ .. ပေါက်ကျလာတာ .. အခန်းလေး ရေတွေရွဲကုန်ပြီတဲ့ .. ခေါင်းရင်းမှာ ထောင်ထားခဲ့တဲ့ .. ငါ့လက်တော့ပ်လေး .. ပျက်ပြီထင်ပါရဲ့။ ဟုတ်ပါ့ .. ရေတွေရွဲကုန်ပြီတဲ့ .. အ၀တ်စားတွေ လဲရွဲ . အိပ်ရာတွေလဲရွဲတဲ့ ..... ငါစိတ်ညစ်လိုက်တာ။
ငါကားထဲမှာ ဆန့်ဆန့်ကြီးထိုင်နေမိတရ် .... စိတ်ညစ်ရမှာလား ....
အဲ့ဒီအချိန် ...
ဖုန်းထပ်ဝင်လာပြန်တရ်။ တာချီလိတ်က အချစ်ဆုံးသူငယ်ချင်း ...
"Happy Birthday .. ပန်ပန် ... "
ငါပျော်သွားတရ် .. စကားတွေပြောနေမိတရ် ... ပြောရင်း ဆိုရင်း ...
"အပန်ရာ .. ငါမထင်ထားဘူး . .နင်ငါ့ကိုဒီလိုပြောလိမ့်မရ်ဆိုတာ ... အခုတော့ ငါသိသွားပါပြီ .. ဒါပေမဲ့ ငါပြန်ကြားတရ်။ နင်ငါ့ကိုဘာတွေပြောခဲ့လဲဆိုတာ နင်မှတ်မိမှာပေါ့ .. ဒါပေမဲ့ ဆောရီးပဲ .. ငါနင့်အပေါ်လုပ်ပေးခဲ့သမျှ နင်မသိခဲ့ဘူး ... "
"!@#$%^U&I*....."
ဖုန်းချလိုက်မိတရ် ... ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ကိုအဲ့လိုပြောတရ်။ ငါသူ့အပေါ်ဘာလုပ်မိလဲ .. သူဘာကြောင့်ငါ့ကို အဲ့လိုပြောတာလဲ .. ငါသိလိုက်တရ် . ငါသု့ကို စွန့်လွတ်ရတော့မရ်ဆိုတာ ... ထားပါတော့ ...
ငါမက်ဆေ့ခ်ျ တစ်စောင် ကောက်ရေးလိုက်ပြီး သူ့ကိုပို့လိုက်မိတရ် ..
" My Dearest, I havn't know that what a Fucking Words made us to feel like a hell.
I'm sorry for the moment that we get enough.
Let's fade with my tears, and start with your little hand"
ငါရင်ထဲ ကြေကွဲနေတရ် .. ဆို့နင့်နေတရ် .. အသက်ရူရတာတောင် မ၀သလိုပဲ ...
အဲ့ဒီအချိန် ...
ငါဖုန်းခလုတ်တွေ နှိပ်နေတရ် .. 08-******** ...
"......."
"........"
ဖုန်းကိုင်တဲ့သူမရှိဘူး။
အဲ့ဒီနေ့ ... ငါ့မွေးနေ့ ... ငါရခဲ့တဲ့ လက်ဆောင်တွေက ...
ဖုန်းတောင်မဆက်တော့တဲ့ ငါ့အချစ်ဆုံးသူငယ်ချင်းလေး တစ်ယောက် ......
ပြင်ခ ဘတ်တစ်သောင်းနီးနီးကုန်ဦးမဲ့ ငါ့လက်တော့ပ် .....
မယ်ဆိုင်ပြန်ရင် နေစရာမရှိတော့တဲ့ .. ငါ့အိပ်ခန်း ....
ပျက်ဆီးသွားတဲ့ .. ငါ့စာအုပ် ... စာရွက်စာတမ်း ... အ၀တ်အစား ...
ုငါတွေးရင်း ငေးးရင်း .. ကားပေါ်မှာ တစ်နေကုန်လုံး... သင်္ကြန်အရှိန်နဲ့ မူးကိုက်နေတဲ့ ခေါင်း ...
သီချင်းတွေကြားထဲ ငါအဖျားတက်ချင်သလို လို .. လို .. လို .. လို ....။
" ငါ့ဖက်ကမှားတာပါ .. တလောကလုံးမှန်တရ် ... ငါရပ်ပြီးပြောတရ် ..
ဖြစ်ခဲ့သမျှအရာရာ .. ပြန်ရှင်းပြဖို့ မလိုတော့ .. ငါစိတ်မခိုင်လို့ ငါနားပိတ်ထားတရ် ..
လွယ်မလိုနဲ့ ခက်ခဲသွားတဲ့ အဖြေတွေထဲ ငါခေါင်းငြိမ့်ကြည့်တရ် ..
ဖြူမလိုနဲ့ နီပြောင်းသွားတဲ့ အေ၇ာတွေပဲ ငါတွေ့ရှိခဲ့တရ် .. အကုန်လုံးက မှန်တရ် ...
(ထားပါတော့ ငါ့ပဲမှားတာ .. ပြောပါတော့ ငါ့ပဲမှားတာ ..မုန်းပါတော့ ငါ့ပဲမှားတာ .. ငါ့အပြစ်တွေပဲ ... ) 2
ငါတစ်ယောက်တည်း မှားတာပါ ...."
(သီချင်းစာသားလေးပါ)
( ဒီပို့စ်လေးကို ၁၈ရက်နေ့က ရေးခဲ့တာပါ။ ဒါပေမဲ့ Trip ပေါ်မှာ သွားလာရင်း အင်တာနက်မရှိလို့ မတင်ဖြစ်ခဲ့ပါဘူး။ တင်တာနောက်ကျသွားပါတရ်)
***
**
*
အသံမဲ့ လူငယ်
12 Jun, 2010
No comments:
Post a Comment