Thursday, October 21, 2010

လင်းလက်နိုင်မဲ့ ကြယ်ကလေးများအကြောင်း

(စာသင်ခန်းပုံ)

သူငယ်ချင်းတို့ရေ

တိုင်ပင်စရာလေးရှိလို့ပါ အားလုံးသိပြီးထားတဲ့အတိုင်းပဲ ကြယ်လေးဟာထိုင်းနိုင်ငံနယ်စပ်မြို့ မယ်ဆိုင်မြို့ရှိ Development and Education Centre မှာVolunteer တစ်ယောက်ပါ.. ဒီCentre ဟာပညာရေး
ကိုလဲ လက်တွဲခေါ်တဲ့အနေနဲ့ Half Day School နေ့တစ်ပိုင်းကျောင်းဖွင့်ထားပေး ပါတရ် ဖရီးပါ နယ်စပ် က ကလေးတွေအများစုပေါ့ ဒီမှာတော့ ထိုင်းစာပဲသင်ရတာပေါ့ ပညာမသင်နိုင်တဲ့ကလေးတွေကို တဖက်တလမ်းကနေ ထောက်ပံ့ပေးနေ ပါတရ် ကလေးတွေကို မနက်ဆိုရင် ကျောင်းကားနဲ့ Thai-Burma ဘော်ဒါလိုင်းမှာသွားကြိုတရ် ..
ထိုင်းဆရာ။မတွေက စာသင်ပါတရ် .. ထိုင်းအစိုးရကျောင်းကစာအတိုင်းပါပဲ .. ထိုင်းကဒ်မရှိလို့ ကျောင်းမတတ်နိုင်တဲ့ ကလေးတွေ မြန်မာနယ်စပ်ဖက်က ကလေးတွေ အများစုပေါ့ တစ်နေကုန်ဒီမှာပဲပေါ့
(ကျောင်းကားပုံ)

တနေ့သူတို့ စကားပြောနေတာတွေကိုရပ်ပြီး နားထောင်မိတရ် ဒီနေရာမှာပြောချင်တာက ဗမာတွေရိုင်းစိုင်းတရ်လို့ ပြောချင်တာမဟုတ်ဘူးနော် စကားပြောလိုက်တဲ့အခွန်းတို င်းမှာ ဆဲတဲ့စကားမပါရင်မပြီးဘူးကြားနေရတာ ဆဲနေတဲ့စကားတွေပဲ ..စာသင်ခန်းထဲမှာလဲ ဆရာ/မ တွေက ထိုင်းတွေဆိုတော့ ဆဲနေလဲမသိဘူးလေ .အတန်းရှေ့ ဖြတ်လျှောက်တိုင်းဆဲနေတာကို အမြဲကြားနေရတရ် .အားလုံးမြင်ယောင်ကြည့်ကြပါ ၁၁နှစ် ၁၂ နှစ်အရွယ် ကလေးတွေရဲ့ ပါးစပ်ကနေ "ငါ့xxxx ..." " နင့်xxx ...." "နင့် xxx " နားမခံသာတဲ့ စကားတွေကိုကဗျာရွတ်သလိုရွတ် နေတာအင်မတန်ရိုင်းစိုင်းပါတရ်. ..

ဒီနေ့စာသင်ခန်းဖက်ကဖြတ်သွားရင်း ကောင်လေးတစ်သိုက်ရဲ့အသံကို ကြားလိုက်ရတရ် .အစတော့ မသိသလိုနဲ့ ကျော်သွားမလို့ပဲ အသံတွေက တဖြည်းဖြည်းကျယ်လာတရ်
"နင့် xxx... "
"နင့် xxx.. "
"ငါ့ xxx "
"ဟေ့ရောင် ... မင်းဘာမှမပြောနဲ့ကွာ .. ငါxx... "
"ပြန်မရ်ကွာ .. xxပဲ .. "
"xxပဲ ... ငါ xx .... "
'' xxxxx ..... "
" xxx ..... "
လုံးဝမနေနိုင်ဘဲအဲ့ဒီအခန်း ထဲကို ၀င်သွားလိုက်တရ်
"ဟေ့...... " သူတို့အားလုံးလှည့်ကြည့်တရ်.
"မင်းတို့တွေ ပါးစပ်က ဆဲနေတာတွေကိုရပ်စမ်း.. အဓိပါယ်မရှိဘူးစကားပြောတာလဲ ယဉ်ကျေးမူမရှိဘူး ..ရိုင်းစိုင်းတဲ့ကောင်တွေ .. မိဘတွေ မဆုံးမဘူးလား .. " လို့အော်လိုက်တရ်တစ်ချို့က ကွက်ကြည့်ကွက်ကြည့် လုပ်နေတ ရ် .ကြယ်လေးကလဲစတိုင်ဘောင်းဘီနဲ့ ရှပ်အကျီင်္နဲ့ ဆံပင်ကလဲ ဂုတ်ထောက်ကို Gel ပြန်လိမ်းထားတော့ ယောကလျာ ပုံပေါက်နေတရ် ..တစ်ချို့ကလဲ ကြယ်လေးကိုမြန်မာနိုင်ငံသူလို့မထင်ကြ ဘူးလေ "သူကဆရာမ မှမဟုတ်တာ ..." တဲ့တီးတိုးလေးပြောနေတာ ကြားလိုက်တရ် ဒါနဲ့ "ဟုတ်တရ် ..ငါကနင်တို့ဆရာမ မဟုတ်ဘူး နင်တို့ဆရာမတွေကလဲ ထိုင်းတွေဆိုတော့နင်တို့ဆဲနေရင်သူတို့ကဘရ်ေ တာ့မှ ဆူမှာမဟုတ်ဘူး ငါ့ရှေ့မှာတော့လာမဆဲနေနဲ့ ကျောင်းဝင်းထဲမှာဗမာစကားနားလည်တဲ့ ၀န်ထမ်းဆိုတာ 5 ယောက်တောင်မရှိဘူး .. ငါ့နဲ့တွေ့ရင်တော့ သတိထားနေ လိမ်လိမ်မာမာနေကြလို့ ပြောပြီးထွက် လာလိုက်တရ် ..

ကျောင်းတွေမှာဆဲတာကိုလဲမသင်ပေးပါဘူး ဆရာ၊ဆရာမ ၊မိဘတွေက ကလေးတွေရဲ့အနာဂတ်ပါ ပိုသေချာအောင်ပြောရမရ်ဆိုရ င်တော့  ပတ်ဝန်းကျင်ဟာ ကလေးတွေရဲ့ လမ်းပါ ။စကားတောင်မှကုန်ကုန် နားမလည်သေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ပါးစပ်ကနေ"ငါxx x .." လို့ပြောနေတရ်ဆိုတာ သူနားလည်လို့မဟုတ်ဘူးနော် သူဟာအဲ့ဒီစကားလုံးရဲ့အဓိပါ ယ်ကို တောင် နားလည်ချင်မှနားလည်လိမ့်မရ် ..ဒါပေမဲ့ သူ့ပတ်ဝန်းကျင်မှာ သူအမြဲကြားနေရတဲ့စကားတစ်ခွ န်းကိုသူလိုက်ပြောနေမှာပဲ ကလေးတွေရဲ့အပြုအမူဟာ ပတ်ဝန်းကျင်က သင်နေပါတရ် ပတ်ဝန်းကျင်ကောင်းရင် ကလေးလဲအကျင့်ကောင်းမရ် .. ပတ်ဝန်းကျင်ဆိုးရင်တော့ ကလေးတွေလဲ ဆိုးမရ် ...
(ကျောင်းလာသူကလေးများ)

ကျောင်းက ကလေးတွေရဲ့နောက်ကြောင်းကို ပြန်ပြီး Research လုပ်တဲ့အခါမှာ ဒီကလေးတွေရဲ့မိဘတွေဟာ ဆင်းရဲတဲ့မိသားစုပါပဲ ..ဘော်ဒါလိုင်းနားမှာနေကြတရ် .. မြန်မာနိုင်ငံသားကဒ်လဲမရှိ ..ထိုင်းနိုင်ငံသားကဒ်လဲ မ၇ပြန် .. အဲ့လိုအကြောင်းအရာမျိုးစုံ ကြောင့်ပါပဲ ... သူတို့ဒီလောက်ရိုင်းစိုင်း ရင့်သီးတဲ့စကားတွေကို ပြောတတ်နေတရ် ဆိုကတည်းက သူတို့ရဲ့ပတ်ဝန်းကျင်ကို မှန်းလို့ရနေပါပြီ ..ဆိုးရွားတဲ့ပတ်ဝန်းကျင်ဖြစ်မှာ အမှန်ပါပဲ .. အဲ့ဒီလို ပတ်ဝန်းကျင်မှာကြီးပွားလာတဲ့ခလေးတွေ ဘရ်လောက်တောင်များနေမလဲနော်.. သူတို့တွေရဲ့အကျင့်လေးတွေကို ဘရ်လိုပြင်ပေးကြမလဲကမ်ဘာကြီးကို အားလုံးဝိုင်းပြီးပြုပြင်မှ ပျော်ရွင်ငြိမ်းချမ်းမှာပေါ့ ...ကြယ်လေးဒီစာကိုရေးနေတရ်ဆို တာ မြန်မာတွေ အ၇မ်းဆိုးတရ် အဆဲထူတရ်လို့ ပြောချင်တာမဟု တ်ဘူး နော် ဒါပေမဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေ ကိုတော့ ယဉ်ယဉ်ကျေးကျေးလေးတွေဖြစ်ေ စချင် တရ် အားလုံးကိုလိမ်မာလာအောင်ကြယ်လေး လိုက်မပြောနိုင်ပါဘူး .. ဒါပေမဲ့ အုတ်တချပ်သဲတပွင့်အနေနဲ့ နိုင်သလောက် လိုက် ပြီးပြုပြင်ပေးချင်လို့ပါ ကြယ်လေးပြောတာကိုတပ်ပြီးဖြည့်စွက်ပြောချင်တာ ရှိရင်လဲ .. nangsaripan@gmail.com ဒါမှမဟုတ် kyalzinthit90@gmail.com ကိုဆက်သွယ်နိုင်ပါတရ် ဒီလောက်ဆိုရင်တော့ ကြယ်လေးဘာလို့ဒီ post ကိုရေးရလဲဆိုတာအားလုံးသိလောက်ပြီလို့ ထင်ပါတရ် အင်မတန်ဆိုးသွမ်းနေတဲ့ကလေး တွေရဲ့  ကြားထဲမှာကြယ်လေးဘရ်လိုသင်ပြပေးရမလဲ ဘရ်လိုပုံစံကောင်းဖြစ်အော င် နေထိုင်ပေး၇မလဲ။ သူတို့တွေနဲ့စကားပြောတဲ့အချိန်မှာ ဘ၇်လိုအလိမ်မာ စကားလုံးတွေသုံးပြီးသူတို့လေးတွေ လိမ်မာလာအောင် ပြောကြမလဲ ...

ကမ်ဘာကြီးအတွက်တော့ ကိုယ်ဟာလူတစ်ယောက်အဖြစ်အသက်ရှင် ခဲ့ပေမဲ့ ..
လူတစ်ယောက်အတွက်တော့ ကိုယ်ဟာ ကမ်ဘာတစ်ခုဖြစ်ရင်ဖြစ်နေမှာပါ ...
အားလုံးလက်တွဲကူညီရင်း လာမဲ့ကလေးတွေရဲ့အနာဂတ်ကို လမ်းခင်းပေးလိုက်ကြပါစို့ေ နာ် ..

For the world, you may be one person.
But, for one person, you may be the world.

((မှတ်ချက်- ဒီင်္ပို့စ်ကို အဖြူရောင်သံစဉ် ဖိုရမ်ထဲမှာလဲ တစ်ခါတင်ဖူးပါတရ် … ကော်မန့်တွေတော်တော်များကြပါတရ် ..ဘာလို့လဲဆိုတော့ အားလုံးဟာ မြန်မာပြည်သူမြန်မာပြည်သားများဖြစ်ကြလို့ပါပဲ … အနာဂတ်ရဲ့အလင်းရောင်ဟာ ငါတို့လက်ထဲမှာရှိနေတရ် .. ငါတို့မှဆက်ပြီး မထွန်းလင်းရင် ဘရ်သူတွေထွန်းလင်းမှာလဲ …

သူငယ်ချင်း ဒီအနာဂတ်တွေကို မင်းတို့ငါတို့မှမထွန်းလင်းရင် ဘရ်သူထွန်းလင်းမှာလဲ …
ငါမလုပ်ရင် မင်းလုပ်မှာလား .. အခုလောလောဆယ်တော့ မင်းမလုပ်လို့ ငါလုပ်နေရတရ်ကွ …
(*@#$*@*!#^&!) အေး .. အဲ့လိုမခံချင်စိတ်လေးတွေနဲ့ ငါ့ကိုပြန်တိုက် … အဲ့ဒါမှ ကလေးတွေတိုးတက်မှာ …))

အဖြူရောင်သံစဉ်မှာ တင်ခဲ့သောပို့စ် ကို http://www.apytz.net/forum/showthread.php?t=5358 မှာဖတ်ကြည့်နိုင်ပါတရ် ... ထူးခြားတဲံ့ Comment လေးတွေတွေ့ရပါတရ် .. သွားလည်ဖို့ဖိတ်ခေါ်ပါရစေ ..
(အသင်းဝင်တစ်ယောက်ဖြစ်ဖို့တော့လိုမရ်နော် ...)

(အသံမဲ့ လူငယ်)
22 May, 2010

No comments:

Post a Comment