

အဲ့တုန်းက နေမကောင်းဘူးလေ။ အိပ်ရာထဲလဲ နေတဲ့အဖေ့ကို နိုင်ငံခြားထွက်တော့မရ် ဆိုပြီး 20 April 2007 မှာနောက်ဆုံးအကြိမ်ဖက်ပြီး နှုတ်ဆက်ခဲ့တာပဲ။ အဲ့တုန်းက အဖေက ဘာပြောလဲဆိုတော့ "အချစ်ကလေးနဲ့ အားဝါးနဲ့ တွေ့တာ ဒီတစ်ကြိမ်နောက်ဆုံးပဲ ဖြစ်မလားမသိဘူး" တဲ့။ အဲ့စကားတစ်ခွန်းကြောင့် ရင်ထဲနင့်နေအောင် ခံစားလိုက်ရပေမယ့်... အားတင်းပြီး အိမ်ကထွက်ခဲ့တယ်။
ရန်ကုန်ကို တစ်ယောက်တည်းရောက်လာပြီး အဒေါ်အိမ်မှာနေရင်း ပတ်စ်ပို့ သွားထုတ်ခဲ့တယ်။ ကံက မကောင်းချင်တော့ ထိုင်းကို ဗီဇာလျှောက်တော့ အရစ်ခံရပါလေရော။ ၁ပတ်စောင့်လဲ မရ။ ၂ ပတ်စောင့်လဲ မရ။ ထိုင်းက သင်တန်းကစနေပြီ နောက်ကျနေပြီ။ သုံးစရာပိုက်ဆံကလဲပြတ်။ လမ်းဘေးဖုန်းဆိုင်မှာ နာရီကိုအပေါင်ခံရင်း အိမ်ကိုဖုန်းဆက်ပြီး ပိုက်ဆံလှမ်းတောင်းရတယ်။ နေ့လည်စာအငတ်ခံ ကမ္ဘောဇဘဏ်ကိုလမ်းလျှောက်သွား ပိုက်ဆံထုတ်ပြီးမှ နာရီကို ၂၀၀ နဲ့ပြန်လာယူခဲ့ရတဲ့ဘ၀။ ၁လလောက်ကြာမှ ဗီဇာရတော့ ရန်ကုန်ကို နှုတ်ဆက်ခဲ့ပြီး ချင်းမိုင်ကိုရောက်လာခဲ့တရ်။ ရန်ကုန်အိမ်က အဒေါ်ကတော့ မျက်ရည်တွေနဲ့ နှုတ်ဆက်ပြီး လေဆိပ်ထိလိုက်ပို့ခဲ့တရ်။ ထိုင်းရောက်ပြီး ၁လအကြာမှာ အဖေက အဝေးကနေ နှုတ်ဆက်သွားခဲ့တရ်။ ကိုယ်က အရင်နှုတ်ဆက်ခဲ့ပြီးမှ သူနှုတ်ဆက်သွားတော့လဲ ကိုယ်ငိုမိပြန်တရ်။
ထိုင်းမှာ Mekong Youth Net ဆိုတဲ့သင်တန်းလေး တစ်ခုကို ၁နှစ်တက်မိပြန်တော့ သံယောဇဉ်နဲ့သူငယ်ချင်းတစ်ချို့ရခဲ့မိတရ်။ အားလုံးကလဲ မဲခေါင် ၆နိုင်ငံက လူငယ်တွေပဲဖြစ်ကြတယ်။ ၁နှစ်ပြည့်လို့ခွဲခွာပြီး အိမ်ပြန်ကြမဲ့ လူတွေ မျက်ရည်တွေနဲ့ ငိုပြီးနှုတ်ဆက်နေကြပြန်တရ်။ အော် ငါတို့အာရှသားတွေများ မျက်ရည်လွယ်လိုက်တာနော်လို့ ထင်ခဲ့မိတယ်။ အဲ့ဒီနောက် Mirror Foundation ဆိုတဲ့ ထိုင်းဖောင်ဒေးရှင်းတစ်ခုမှာ Internship ၂လလောက်ဝင်လုပ်ခဲ့တုန်းက Tourist Guide လုပ်ခဲ့ရတယ်။ Translator ပေါ့။ အားလုံးက Volunteer Tourist တွေဖြစ်တရ်။ ရွာတွေဆင်းပြီး ဖွံ့ဖြိုးရေးမြင့်တင်ပေးဖို့ လုပ်ကြတာပေါ့။ Tourist တွေက ၁ပတ်ကို တစ်သုတ်လာကြတရ်။ ချင်းမိုင်လေဆိပ်မှာတို့ ကားကြီးဂိတ်မှာတို့ အမြဲသွားကြိုပေးရတရ်။ ပြီးတော့ ဖောင်ဒေးရှင်းကိုခေါ်လာပြီး အလုပ်အတူတူလုပ်ကြတရ်။ ၂ပတ်လောက်ဆို သူတို့လဲ ပြန်ရော။ ပြန်လိုက်ပို့သူက ကိုယ်ပဲ တာဝန်ပေးခံရပြန်တယ်။
အဲ့ဒီမှာပြသာနာက စတာပဲ။ Tourist တွေကိုသွားကြိုတုန်းကတော့ နာမည်တွေမိတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်ရုံပဲရှိခဲ့တာ။ ၂ပတ်အတွင်း အလုပ်တွေ အတူလုပ်ကြ။ share ကြရင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးလာချိန်မှာ ခွဲခွာဖို့ အချိန်ကရောက်လာပြန်တရ်။ အော .. နိုင်ငံခြားသားလဲ အာရှသားးလိုပါပဲ မျက်ရည်နဲ့မျက်ခွက်နဲ့။ ယောင်္ကျားကြီးတောင်မှ ငိုပြိးနှုတ်ဆက်ကြတယ်။ ကိုးရီးယားမတို့ ဂျပန်မတို့လဲပါတော့ သူတို့ဆိုပိုဆိုး။ မျက်ရည်က အလုံးလိုက်။ လေဆိပ်ကနေ လှေဆိပ်ပြောင်းရမလားပဲ။ အားပါးတရကြီးကို လေဆိပ်မှာဖက်ပြီးငိုတော့ ကိုယ်ကလိုက်ငိုရမလိုနဲ့ ၀မ်းနည်းတဲ့မျက်နှာလေးနဲ့ နေရတာပေါ့။ အစကတော့ ကိုယ်လဲ မျက်ရည်လွယ်ပေမယ့် အခုတော့ မျက်ရည်မကျတတ်တော့ဘူး။ နှုတ်ဆက်ချိန်မှာ မိန်းမတွေ ဖက်တာက ကိတ်စမရှိသေးဘူး။ အနောက်တိုင်းထုံးစံအတိုင်း ယောင်္ကျားတွေကပါ ဖက်ပြီးနှုတ်ဆက်ကြ ပါးချင်းကပ်နှုတ်ဆက်ကြတော့ ကိုယ့်လို မြန်မာလူမျိုးတစ်ယောက်အတွက် ကိုယ့်ရည်းစားနဲ့တောင် အဲ့လို မဖက်ခဲ့ဖူးတာ။ ကြက်သီးတွေ ဖြန်းဖြန်းထတာပဲ။ နောက်တော့လဲ ရိုးသွားတာပဲ။ ထုံးစံတစ်ခုလိုပါပဲ။ အဲ့သလိုသာ ခွဲခွာရတိုင်း ငိုနေမရ်ဆိုရင် ကျွန်မကတော့ မင်းသမီးရှုံးတဲ့ အငိုမင်းသမီးဖြစ်မှာ သေချာပေါက်ပဲ။
အဲ့နောက် DEP ဆိုတဲ့ ထိုင်း NGO တစ်ခုမှာ Volunteer ပြန်ဝင်လုပ်ခဲ့တရ် အဲ့သင်တန်းထဲက အာရှနိုင်ငံလူငယ်ကိုယ်စားလှယ် 27 ယောက်နဲ့ရင်းနှီးခဲ့ရပြန်တရ။ အဲ့တုန်းက ကျွန်မက သင်တန်းရဲ့ Teaching Assistance နဲ့ သင်တန်းသားတွေရဲ့ ဗီဇာကိတ်စကို တာဝန်ယူခဲ့ရတယ်။ တစ်နှစ်လောက် သူတို့နဲ့ရင်းနှီးပြီး သူတို့ပြန်ချိန်ရောက်တော့ ၀မ်းနည်းတာကို ခံစားလိုက်ရပြန်တရ်။ ဒါပေမဲ့ ကျွန်မ စိတ်ကိုတင်းပြီး ခွဲခွာခြင်းနဲ့ တွေ့ဆုံခြင်းဆိုတာကို ကျွန်မ အလေးနက်စဉ်းစားမိလာတယ်။ တွေ့လိုက် ခွဲခွာရကြလိုက်။ ၀မ်းနည်းလိုက်နဲ့။ ဒါပေမဲ့ ပြန်တွေ့ဖို့ မလွယ်တော့ တဲ့သူတို့အတွက်ကတော့ မျက်ရည်မဆည်နိုင်အောင် ငိုပြီးနှုတ်ဆက်နေကြတရ်။ ကျွန်မလေဆိပ်ကနေပဲ နှုတ်ဆက် အပြုံးလေးနဲ့ လှည့်ပြန်ခဲ့မိတရ်။ စိတ်ထဲလဲ ဘာမှမကျန်ခဲ့မိဘူးလို့ ထင်တာပဲ။
အဲ့နောက် CLC ဆိုတဲ့ ပရောဂျက်လေးတစ်ခုမှာ Volunteer Teacher ၀င်လုပ်ခဲ့ပြန်တရ်။ ကလေးပေါင်း 157 ယောက်ရဲ့ဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး ကလေးတွေကလဲ ကျွန်မကို အရမ်းချစ်သလို အရမ်းလဲ ကြောက်ခဲ့ကြတယ်။ အဲ့အလုပ်ကနေ ကျွန်မထွက်ခဲ့ပြန်တော့ ကလေးတွေက ငိုပြီး ထွက်မသွားဖို့ တောင်းပန်ကြတရ်။ သူတို့မျက်ရည်လေးတွေ ကြည့်ပြီး ကျမ ပိုအားရှိလာတရ်။ အသည်းမာလာတာတော့ မဟုတ်ဘူး။ ကျွန်မ နှုတ်ဆက်ခြင်းကို ခံစားမရတော့ဘူး။ ကျွန်မစိတ်ထဲမှာက ဒီကထွက်သွားပြီးရင် ထပ်ရောက်သွားမဲ့ နေရာအသစ်ကိုပဲ ကျွန်မစိတ်ကူးယဉ်နေမိတရ်။ နှုတ်ဆက်ခြင်း ခွဲခွာခြင်းဆိုတဲ့နေရာမှာ နေရာသစ်ဆိုတာကို ကျွန်မအစားထိုးတတ်လာမိတရ်။ Psyco ပဲပြောပြော ဒါကျွန်မတကရ် ခံစားလိုက်ရတာပါ။
ဒီနောက်ဆုံး CDETC ဆိုတဲ့သင်တန်းတစ်ခုမှာ လူငယ်တစ်ချို့နဲ့ လူကြီးတစ်ချို့နဲ့ တူ ကျွန်မလဲ ပါဝင်ခဲ့တရ်။ ၁၀လ တိတိ အတူနေခဲ့တဲ့ အချိန်မှာ တွေ့ဆုံခြင်းဆိုတာကို ဓမ္မတာတစ်ခုလိုပဲ သတ်မှတ်ခဲ့မိတရ်။ အတူသွား အတူလာ အတူစားထဲမှာ ကျွန်မသီးသန့်ဖြစ်ခဲ့မိတရ်။ ဘရ်သူ့ကိုမှလဲ သံယောဇဉ်ထားမရခဲ့ဘူး။ ပုံမှန်လိုပဲ ဈေးသွားဈေးဝရ်ဖြစ်နေသလိုပဲ။ တာဝန်ဆိုတာ ကြီးခေါင်းပေါ်မှာပိနေတာကို ကျွန်မလွတ်လပ်စွာနေခဲ့တရ်။ ကျွန်မကို ကြောက်ပြီး စကားတိုက်ရိုက်မပြောရဲလို့ ဆရာဆရာမကနေတစ်ဆင့် စကားပြောဆိုသူတွေလဲ ရှိခဲ့တရ်။ နောက်ဆုံးခွဲခွာရမဲ့ ရက်တွေနဲ့နီးလာလေ သင်တန်းသူ/သားတွေ မျက်နှာနွမ်းလာသလို။ နှုတ်ဆက်ပွဲသင်တန်းခန်းမရဲ့ ဒေါင့်ဆုံးမှာ ကျွန်မထိုင်ပြီး အားလုံးကိုပြုံးပြီးကြည့်နေလိုက်တရ်။ ကျွန်မစိတ်ထဲမှာတော့ နေရာသစ်တစ်ခုကို ထပ်ပြီးမြင်ယောင်နေမိတရ် .. နေရာသစ် .. နေရာသစ် .. ကျွန်မဘယ်ကို ခရီးထပ် ဆက်ရဦးမလဲ ..... ...... ....
(အသံမဲ့ လူငယ်)
6:21 PM
23 Oct 2011
No comments:
Post a Comment