“အိမ်ထောင်ရှိလား”
“ဟုတ်ကဲ့ ရှိပါတရ် ..”
“အိမ်ထောင်သက်တမ်းရော် ..?”
“၃လထဲမှာပါ ဆရာ ..”
“အင်း … ဒီမှာ ဆေးစစ်ချက် အဖြေထွက်ပြီ။ ကိုယ်ဝန်ရှိနေတရ်နော် .. ကိုယ်ဝန်ဆောင် အားတိုးဆေးပါ ပေးလိုက်တရ် .. ဂရုစိုက်ပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
**********
အခုဆိုရင်
မေမေ့ဗိုက်ထဲမှာ သမီးရှိတာ မေမေသိလောက်ပြီပေါ့။ မေမေ ခဏခဏ နေမကောင်း
ဖြစ်နေတာ သမီးကြောင့်ပါ။ တောင်းပန်ပန်ါတရ် မေမေရယ်။ သမီးမေမေ့ဗိုက်ထဲ
စရောက်ကတည်းက မေမေခဏခဏ အန်ချင်နေတယ် မဟုတ်လားဟင်။ အချဉ်အစပ်ဆိုလဲ စားချင်။
အပူအအေးတွေလဲ စားချင်နဲ့။ အခုတော့ အစုံစားပြီး ဗိုက်အောင့်
နေမကောင်းဖြစ်ပြီပေါ့။ ဂရုစိုက်လေ မေမေရဲ့ …။
**********
“ဒီအချိန်ဆို အပျော်ဆုံးလူဟာ မောင်ဖြစ်ရမှာ .. အခုတော့ကွာ .. တောက်”
“မောင်ကလဲ .. အဲ့လိုမပြောပါနဲ့။ ဘာပဲဖြစ်ဖြစ် ဒါက မောင်နဲ့ ရခဲ့တာပါပဲ။ တခြားသူသွေးမဟုတ်ပါဘူးမောင် ..”
“တော်စမ်းပါ .. မင်းလို ငါ့အပေါ်သစ္စာမရှိတဲ့ မိန်းမက … ဒီကလေးက ငါ့သွေးမစစ်တော့ဘူး”
“မောင် .. မောင်မယုံရင် သွေးစစ်ကြည့်လို့ရတရ်နော် .. ကလေးထဲမှာ သွေးနှောရင် လုံးဝမယူပါဘူး”
“အေး … ငါက အဲ့သလို လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ချင်လို့ပေါ့”
“ဒါဆို မောင်က ဘာကို လက်မခံနိုင်ဖြစ်နေရတာလဲ …”
“တော်ပြီ … မင်းကိုလဲ မမြင်ချင်ဘူး။ ဒီည ဆိုင်မှာသွားအိပ်မရ်”
“မသွားပါနဲ့မောင် .. တစ်ယောက်တည်း ထားခဲ့မလို့လား”
“ဖယ်စမ်း … မင်းတောင် မင်းလုပ်ချင်တာ လုပ်လာတာ ငါလဲ ငါသွားချင်တဲ့ နေရာငါသွားမယ်”
“မသွားပါနဲ့ဆို .. မောင်”
“ဖယ် … သွားစမ်းကွာ”
**********
မြေကြီးပေါ်
မေမေလက်ထောက်ထား၇င်း လက်တဖက်က ဗိုက်ကိုကိုင်ထားတရ်။ မေမေဖင်ထိုင်ရက်
လဲကျတာလားဟင်။ ဘယ်နာသွားသေးလဲဟင်။ သမီးကို မေမေစိတ်ပူလို့လားဟင်။ သမီးဘာမှ
မဖြစ်ပါဘူး။ ရင်တော့ တုန်သွားတရ်။ မေမေ အဆင်ပြေရဲ့လား။ မေမေ့သားအိမ်က
သမီးကို ကောင်းကောင်း အကာကွယ် ပေးပါတရ်။ ဂရုစိုက်နော် မေမေ …။
**********
“ဆေးစစ်ချက်က ထွက်ပြီးပြီလား …”
“ဟုတ်ကဲ့ … ကိုယ်ဝန်ရှိနေပါတရ်”
“အင်း .. ဒါဆိုရင်တော့ မလိုချင်လို့ မရဘူးလေ .. ဆေးခန်းမှာ ဒါမျိုးတော့ မလုပ်ပေးဘူး …”
“ဒါဆို ဘယ်လိုမှ ဖျက်ချလို့ မရဘူးလားဟင်..”
“အဲ့ဒါမျိုးတွေ လုပ်ပေးနေတဲ့ နေရာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဆေးခန်းကတော့ မလုပ်ပေးဘူး။ အကောင်းဆုံးကတော့ ကလေးကို မွေးလိုက်ဖို့ပဲ”
“ဟုတ်ကဲ့ ဆရာ …”
“အခုဆိုရင်တော့
ကိုယ်ဝန်က နုသေးတရ်။ လေးလ ငါးလလောက်ကျရင်တော့ မိန်းကလေးလား ယောကျားလေးလား
သိနိုင်တာပေါ့။ မွေးလိုက်တာ အကောင်းဆုံးပဲလို့ ဆရာအကြံပေးမယ်။ ကဲ ..
ဘာမေးချင်သေးလဲ …”
“မရှိတော့ပါဘူးဆရာ .. ကျေးဇူးတင်ပါတရ် .. ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး …”
**********
ဆေးခန်းသွားပြ
ပြန်ပြီလား မေမေ။ နေမကောင်းဘူးလားဟင်။ ဖေဖေနဲ့ မေမေနဲ့ ပြောနေတာ
သမီးအကုန်ကြားပါတရ်။ မေမေတို့က သမီးကို မလိုချင်လို့လားဟင်။ သြော် ..
သမီးသိပြီ။ ဒါလေးများ မေမေရယ်။ ဖေဖေ့ကို အမှန်တိုင်း ဖွင့်ပြောလိုက်ပေါ့။
မေမေတို့ သမီးကြောင့် ခဏခဏ စကားများနေရတရ်။ မေမေက ဘာကြောင့် ဖေဖေ့ကို
အမှန်တိုင်း မပြောလိုက်တာလဲ။ သမီးက ဖေဖေ့သွေးအစစ်ပါလို့၊ ဘယ်သူ့သွေးမှ
မရောပါဘြူးလို့ ဘာလို့ မပြောလိုက်တာလဲ။ အဲ့ဒါဆိုရင် ဖေဖေလဲ သမီးကို ချစ်မှာ
သေချာပါတရ်။ ဖေဖေက အဲ့သလောက် သဘောကောင်းတာ။ သမီးကို
မစွန့်ပစ်လောက်ပါဘူးနော့ …။
**********
ဒီနေ့လဲ
မေမေငိုနေပြန်ပြီ။ ဘာလို့ ငိုနေတာလဲ မေမေရယ်။ မောနေမှာပေါ့။ သမီး မေမေ့ကို
နှစ်သိမ့်ပေးချင်တရ်။ သမီးဘယ်လို လုပ်ရမလဲဟင်။ အားယူရင်း မေမေ့ကို
လှုပ်ခေါ်မိတရ်။ ရုတ်တရက် မေမေငြိမ်သက်သွားတရ်။ သမီးခေါ်တာ သိလို့လားဟင်။
ဗိုက်ပေါ်ကို မေမေ အသာယာစမ်းကြည့်နေတရ်။ သမီးကို မေမေလက်နဲ့
ကိုင်အုပ်ထားတရ်။ မေမေ့လက်ကို သမီးပြန်ထိနိုင်ဖို့ ကြိုးစားနေမိတရ်။
ပျော်လိုက်တာ မေမေရယ်။ မေမေလဲ ရင်တွေ ခုန်နေတာ သမီးသိတာပေါ့ …။
**********
“ကလေးလှုပ်တရ် … ဒါဆို သူအသက်ရှိနေတာပေါ့။ ဘယ်လို ပုံစံလေးလဲမသိဘူး။ ငါ … ဒါဆို … ငါက ကလေးအမေ ဖြစ်နေပြီပေါ့”
**********
ဒါပေါ့
မေမေရဲ့။ မေမေက သမီးအမေ … သမီးက မေမေ့သမီးလေ။ မေမေ့လိုပဲ
အသားဖြူဖြူဆွတ်ဆွတ်လေး။ အခု သမီးလေးမှာ ခြေချောင်းလေးတွေနဲ့
လက်ချောင်းလေးတွေ ၁၀ချောင်းပါတယ် သိလား။ ရှည်ရှည် သွယ်သွယ်လေးပေါ့။ ဒါကတော့
ဖေဖေနဲ့ တူတရ်ထင်တရ်။ ဟုတ်လားဟင်။ သမီးကတော့လေ .. ဖေဖေ့လိုဖြစ်ချင်တရ်။
ဖေဖေနဲ့ ပိုတူချင်တရ်။ မေမေစိတ်မဆိုးနဲ့နော် …။
**********
အယ်
… ကြည့်။ မေမေ သမီးကို စိတ်ကောက်နေပြီ။ လာပါ မေမေရယ်။ သမီးနဲ့
ကစားရအောင်နော်။ မေမေကလဲ သမီးကို လှမ်းပုတ်လိုက်ရင် သမီးလဲ မေမေ့ဗိုက်ကို
ပြန်ပုတ်(လှုပ်ပြ)ပြီး အချက်ပေးမှာပေါ့။ ဖေဖေ့ကို မပြောပြနဲ့နော်။ ဒါက
သမီးနဲ့ မေမေနဲ့ ၂ယောက်တည်း သိတဲ့ လျို့ဝှက်စကားပြောနည်းပေါ့။
သမီးတစ်ခါလှုပ်ရင် .. အဲ့ဒါ “မေမေ့ကို သမီးချစ်တရ်” လို့ ပြောတာလို့
မှတ်နော်။
“မေမေ့ကို ချစ်တရ် …”
**********
“မောင်က
သူ့သွေးသားရင်း မစစ်ဘူးလို့ ငါ့ကိုစွပ်စွဲခဲ့တရ်။ အခုချိန်မှာ
ဘာမှရှင်းပြနေလို့လဲ မရတော့ဘူး။ မောင်တောင်မှ မလိုချင်တဲ့ ကလေး။ မွေးတော့လဲ
မျိုးမစစ်လို့ပဲ အပြောခံရမှာ။ ဒီလိုတော့ အဖြစ်မခံနိုင်ဘူး”
**********
“အားးးး
!” ကယ်ပါဦး မေမေ…။ သမီးနေတဲ့ အိမ်လေးဆီကို ဆေးရည်တွေ ၀င်လာပြီး
အတင်းဖြိုချနေတရ်။ သမီးကို ကာကွယ်ထားတဲ့ သားအိမ် နံရံကို ဖျက်ဆီးနေကြတရ်။
ဘာတွေ ဖြစ်ကုန်တာလဲ မေမေရယ်။ သမီးလေ အသက်ရှူမ၀တော့ဘူး။ အားအင်တွေလဲ
မရှိတော့သလိုပဲ မေမေရယ်။ သြော် … မေမေနေမကောင်းဘူးကိုး။ တောင်းပန်ပါတရ်
မေမေ။ အခုလဲ သမီးကြောင့် မေမေ နေမကောင်းဖြစ်ပြီး အိပ်ရာပေါ် လှဲနေရပြန်ပြီ။
မေမေ အရမ်းနာကျင်နေလားဟင်။ သမီးလဲ နာကျင်နေတရ်။ ဒီနေ့တော့
မကစားနိုင်တော့ဘူး ထင်တရ် မေမေရေ …။
**********
တစ်ညလုံး
မေမေ လှူးလှိမ့်နေတရ်။ နာနေလို့လားမေမေ..။ သမီးလဲ အရမ်းကို နာကျင်နေတရ်။
မေမေ့လက်ကလေး သမီးအပေါ်ကို ရောက်လာခဲ့တရ်။ မေမေသမီးကို ခေါ်နေတာလားဟင်။
ခဏလေးနော် … သမီးအားယူလိုက်ဦးမယ် မေမေရယ် …။
“မေမေ့ကို ချစ်တရ် …”
အားးးး
နာလိုက်တာ မေမေရယ်။ သမီးလေ …။ အားတွေကုန်ခမ်းနေပြီ။ ဖေဖေရော် ရှိနေလားဟင်။
ဖေဖေ့ကိုလဲ သမီးစကားပြောချင်တရ်။ ဖေဖေ့လက်ကို သမီးပေါ်တင်ပေးပါလားဟင်။
ရုတ်တရက် ဖေဖေ့လက်လေး သမီးပေါ်ရောက်လာတရ်။ ဖေဖေ့လက်ဖ၀ါးက အကြီးကြီးပဲနော်။
ပြီးတော့ နွေးနေတာပဲ။ ဖေဖေ … ဖေဖေ့ကို သမီးပြောစရာရှိလို့ပါ …
“ဖေဖေ့ကို ချစ်တရ် …” …..။
“မေမေ့ကို ချစ်တရ် …”
“ဖေဖေ့ကို ချစ်တရ် …”
“မေမေ့ကို ချစ်တရ် …”
“ … ”
“ … ”
- - - - - - - - - - - - - - - -
- စာဖတ်သူဆီကို ခံစားချက် တစ်ခုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတရ်။
- ကိုယ်ဝန်ဖျက်ချခြင်း ပျက်ကျခြင်းမှ ကင်းဝေး ရှောင်ရှားနိုင်ကြပါစေ…။
(အမှောင်တိုက်ကြား လူငယ်)
ဆက်လည်း မရေးဘူးနော်.. ဆက်ရေးလေ...ဘာလို့ဆက်မရေးတာလဲပန်...
ReplyDelete