Monday, December 5, 2011

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၉)

တဲအပြင်ဖက်တွင်ထိုင်ရင်း တောင်တန်းများနှင့် စိုက်ခင်းများကိုငေးနေစဉ် ရတီလွယ်အိတ်ထဲမှ ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ ကိုနှိုင်းဖြစ်နေသည်။ ရတီဖုန်းကို ပိတ်လိုက်သည်။ ခဏကြာမှ မိုးခဆီလျှောက်သွားရင်း …

“မိုက်ကယ် … မိုးနည်းနည်းစဲသွားပြီဆိုတော့ တောင်တက်လမ်းဆီ လမ်းလျှောက်လို့ရတရ်နော်။ ဒီကနေတက်သွားရင် တောင်ပေါ်ရေတံခွန် ရှိတရ်။ အဆင်ပြေသလို လွတ်လွတ်လပ်လပ်နေပါ”

“ဟုတ်ကဲ့ … အန်းအတူမလိုက်နိုင်လဲရပါတရ်။ ကျွန်တော် ရေတံခွန်ဆီ သွားကြည့်ဦးမယ်။ အန်းနေခဲ့ပါ”

မိုးခ ကင်မရာကိုင်ပြီး တောင်ပေါ်လမ်းကို တက်သွားသည်။ ရတီလည်း တဲအတွင်း မီးမွေးလိုက်ပြီး ရှိနေသော ရေနွေးအိုးလေးနှင့် ရေနွေးတည်လိုက်သည်။ ပြီးမှ လွယ်အိတ်ထဲပါလာသော ခေါက်ဆွဲခြောက်ဗူး ၂ဗူးထုတ်လိုက်သည်။ ဧည့်သည်က ခေါက်ဆွဲဗူးကို စားနိင်ပါ့မလားတောင်မသိ။ ရတီ လွယ်အိတ်ထဲမှ ဖုန်းကမြည်လာပြန်သည်။ တဲအပြင်ဖက်လှမ်းကြည့်လိုက်တော့ တောင်ပေါ်တက်လမ်းတွင် မိုက်ကယ်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဖုန်းကို လက်ခံလိုက်ပြီး တဲအနောက်ဖက်တွင်ထိုင်လိုက်ရင်း …

“ဟလို …”

“ရတီ … ခုနက ဘာလို့ ကိုယ့်ဖုန်းကို ပိတ်ပစ်တာလဲ … ကိုယ်တကယ်တောင်းပန်နေတာပါ ရတီ။ ကိုယ့်ဆီပြန်လာပေးပါ။ ဘာလို့ ကိုယ့်ကို ဒီလောက်အကြာကြီး ဖြတ်ထားရတာလဲ …”

“ကိုနှိုင်း … ရတီထပ်ပြောမယ်။ ကိုနှိုင်းနဲ့ ရတီဘာမှ ပတ်သတ်မူမရှိတော့လို့ ရတီ့ကို အဆက်သွယ်ဖြတ်လိုက်ပါတော့”

“မဖြစ်နိုင်ဘူး ရတီ …”

“လမ်းခွဲပြီးတာ ၁နှစ်ရှိတော့မှာပဲ … ကိုနှိုင်းလဲ ရတီထက် ကောင်းတဲ့ ကောင်မလေးရှာလိုက်ပါ”

“ဒါကဘာသဘောလဲ ရတီ။ ရတီလဲ ချစ်သူအသစ်ရသွားပြီလို့ ဆိုလိုတာလား …”

“ဟုတ်တရ်။ ရတီ့မှာ ချစ်သူကောင်လေးအသစ်ရှိနေပြီ … ကိုနှိုင်းထက် ပိုချစ်ရမဲ့ သူရှိတရ်။ ရတီ့ကို တန်ဖိုးထားတဲ့ သူရှိတရ်။ ကိုနှိုင်း ရတီ့ကို အရင်တိုင်းပဲ ထားခဲ့လိုက်ပါ”

“အရင်က ကိုယ်ရတီ့ကို ပစ်ထားခဲ့မိတာ ၀န်ခံပါတရ်။ ကိုယ့်ဖက်က စပြီး လမ်းခွဲဖို့ ပြောခဲ့တရ်ဆိုတာလဲ မှန်ပါတရ်။ ဒါပေမယ့် ကိုယ်ရတီကို မစွန့်လွတ်နိုင်ပါဘူး”

“အပိုတွေ လာညာမနေနဲ့တော့ ကိုနှိုင်း … ကိုနှိုင်းနာမည်ကို ကြားတာနဲ့တင် ရတီ့ နှလုံးသား အစိတ်စိတ် အမွာမွာ ကွဲခဲ့ပြီးပြီ။ ဒီလိုအဖြစ် ရတီ့ဘ၀မှာ နောက်ထပ်မရှိဖို့ပဲ မျှော်လင့်တရ်”

“ရတီ … ကိုနှိုင်းလောက် ရတီကို ဘယ်သူမှ ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီကောင်တွေ ရတီကို ချစ်တရ်ဆိုတာ အပေါ်ယံပါ။ ကိုနှိုင်းနဲ့ ရတီနဲ့က အတူနေခဲ့ဖူးတာပဲ။ ကိုနှိုင်းစိတ်ကို နားလည်တရ် မဟုတ်လား …”

“နားလည်တရ် .. နားလည်တရ် … လူတွေပြောပြောနေတဲ့ အချစ်ဆိုတာ တကရ်တော့ ရတီအတွက်က ဘာမှမရှိတော့ဘူး။ အားလုံးကို ကိုနှိုင်းအဆုံးသတ်သွားခဲ့တာ … အခုလဲ ရတီသိပ်ချစ်ရတဲ့ သူနဲ့ ရတီလမ်းခွဲလိုက်ရပြီ။ အဲ့ဒါကလဲ ကိုနှိုင်းကြောင့်ပဲ … အားလုံး ကိုနှိုင်းကြောင့်ပဲ … ကိုနှိုင်းပျော်တရ်မဟုတ်လား .. ကိုနှိုင်းကို ရတီမုန်းတရ် … မုန်းတရ် .. ထပ်ပြီး မဆက်သွယ်နဲ့တော့ . ရတီကို ဒီတိုင်းထားခဲ့ပါ …”

ရတီ ပြောရင်း ၀မ်းနည်းမျက်ရည်များ ဒေါသမျက်ရည်များ ကျလာသည်။

“ရတီ … ငိုနေတာလား။ မငိုပါနဲ့။ ကိုနှိုင်းတောင်းပန်ပါတရ်။ ရတီ စိတ်ဆင်းရဲအောင် ကိုနှိုင်းဘယ်တော့မှ မလုပ်တော့ပါဘူး။ ကိုနှိုင်းဆီ ပြန်လာပါနော်”

“မလာဘူး . မလာဘူး . ဘယ်တော့မှ ပြန်မလာဘူး။ ကိုနှိုင်းကိုလဲ မုန်းတရ်။ ဒီလောက်အကြိမ်ကြိမ် မုန်းတယ်ပြောနေတာကိုတောင် ရတီ့ကို ဖုန်းဆက်လာသေးတရ်။ မဆက်သွယ်နဲ့ .. မေ့လိုက်တော့။ ရတီ့ကိုလဲ မုန်းလိုက်တော့ …”

“ရတီ … ရတီ … နေဦး …”

ရတီ ကျလာတာ မျက်ရည်များကို မသုတ်ပဲ အသံတိတ် ငိုနေမိသည်။ တွေးလိုက်တိုင်း မျက်ရည်များက ပိုလို့တောင် ကျလာသေးသည်။ အားလုံးဟာ ကိုနှိုင်းကြောင့်ပဲ။ အရင်ကသာ ကိုနှိုင်းနဲ့ မတွေ့ခဲ့ဘူးဆိုရင် … ကိုနှိုင်းနဲ့သာ ချစ်သူတွေ မဖြစ်ခဲ့ဘူးဆိုရင် … ရတီ့မှာ ဒီလိုအဖြစ်တွေ ရှိလာစရာအကြောင်းမရှိ။ ရတီမျှော်လင့်ခဲ့သော တန်ဖိုးထားမူကို ကိုနှိုင်းက အချစ်အားလုံးနှင့်လဲ ယူခဲ့သည်။ ရတီအမွားပါပဲေ။ ကိုနှိုင်းကို ယုံကြည်မိလို့ပေါ့။ အခုတော့ ရတီတကရ် ချစ်ရသော ကိုမိုးခက ရတီကို အထင်သေးသွားခဲ့ပြီ။ ရတီ့ကို မုန်းသွားခဲ့ပြီ။ ရတီ့အနားမှာ ဘယ်သူမှ မရှိတော့ … တစ်ယောက်တည်း နေရတာ ဘယ်လောက်တောင် ခံစားရခက်သလဲဆိုတာ ရတီ့ကို နားလည်တဲ့လူရှိနိုင်ပါ့မလား … ရတီ ပတ်ဝန်းကျင်ကို ကြည့်မိတော့ ဘယ်ကတည်းက ရွာနေမှန်းမသိသော မိုးဖွဲလေးတွေ .. ရတီလဲ မိုးဖွဲတွေစင်ပြီး စိုရွှဲနေပြီ။

“အော် .. ခင်ဗျားက ဒီမှာရှိနေတာကိုး … ကျွန်တော်က အရှေ့ဖက်မှာ လိုက်ရှာနေတာ …”

“အို .. ဟုတ်ပါရဲ့။ ကျွန်မလဲ ဒီမှာ ထင်းခြောက်တွေ ရှိမလားလို့ လာရှာကြည့်နေတာ။ ရေနွေးတည်ထားတရ်။ အခု အစာပြေ ခေါက်ဆွဲပြုတ်ပဲ စားကြတာပေါ့”

“ခေါက်ဆွဲပြုတ် လား … ကျွန်တော် သိပ်ကြိုက်တဲ့ အစားအစာပဲ”

“တကရ်လား … ကောင်းတာပေါ့ .. ကျွန်မက ရှင်ကြိုက်မှ ကြိုက်ပါ့မလားလို့ စိတ်ပူနေခဲ့တာ …”

ခေါက်ဆွဲဗူးကို ရေနွေးထည့်ပြုတ်ပြီး ၂ယောက်သားထိုင်စားရင်း ရတီက ... အရင်ကတည်းက ခေါက်ဆွဲပြုတ်အမြဲ စားခဲ့ရတဲ့ အကြောင်းတွေ ပြောနေခဲ့တော့ .. မိုးခ ရတီကို ငေးကြည့်နေမိသည်။

မိုးခရဲ့ အကြည့်တွေထဲမှာ အဓိပါယ်တွေ အများကြီးပါတရ်ဆိုတာ ရတီသိနိုင်ပါ့မလား ...။ သူ့ရှေ့မှာ ခေါက်ဆွဲဗူးကို ငုံ့စားနေတဲ့ ကောင်မလေးရဲ့ အပြုံးတွေ အကြည့်တွေ အပြုအမူတွေဟာ အပြစ်ကင်းလိုက်တာ ...။ ကောင်မလေးရယ် ... မင်းကိုငါစိတ်ဝင်စားမိပြီဆိုရင် မင်းဘယ်လိုတုန့်ပြန်မလဲ ...

***********

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၃)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၅)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၆)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၇)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၈)


ဆက်ရန်ရှိသေးသည် ............

No comments:

Post a Comment