Monday, December 5, 2011

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၈)

မိုးခ နှင့်ရတီ မယ့်ယောင်ဝ်းရွာကို ရောက်တာနှင့် သူကြီးဆုံချိုင်းက ထွက်ကြိုသည်။ မိုးခတည်းခိုရန်ကိုလဲ သူကြီးအိမ်တွင်ပင် နေရာပြင်ဆင်ပေးသည်။

“အန်းရေ … မိုက်ကယ်ကို ပြောလိုက်ပါဦး။ ရေမိုးချိုးပြီးရင် ထမင်းစားရအောင်လို့၊ မနက်ဖြန်ကျမှ ရွာထဲ လည်ရင်း စိုက်ခင်းတွေ သွားကြည့်ကြမရ်လို့ …”

သူကြီးက ထိုင်းလိုပြောတာကို ရတီက အင်္ဂလိပ်လို ဘာသာပြန်ပေးလိုက်သည်။

“ကဲ .. မိုက်ကယ်ရေ … ရေမိုးချိုးပြီး ထမင်းစားကြမရ်တဲ့။ ပြီးမှ မနက်ဖြန်ကျရင် သူကြီးက ရွာထဲနဲ့ စိုက်ခင်းတွေ လိုက်ပြမရ်တဲ့ .. အေးအေးဆေးဆေး အနားယူပါနော်။ သူကြီးလဲ နဲ့ စကားတွေပြောပေါ့။ သူလဲ အင်္ဂလိပ်လို အနည်းကျဉ်းပြောတတ်ပါတရ် ..”

“ဟုတ်ကဲ့ … ကျွန်တော့ကို ဒီထိလိုက်ပို့တဲ့ မစ္စအန်းကို ကျေးဇူးတင်ပါတရ်”

“ရပါတရ်။ ဒါက ကျွန်မလုပ်သင့်တာပါ။ ဒါဆို မနက်ဖြန်မှ တွေ့မရ် … ကောင်းသော ညနေခင်းပါ”

****************

နောက်တစ်နေ့ မနက်စောစော ရတီ သူကြီးအိမ်ကို ရောက်သွားသည်။

“မင်္ဂလာ နံနက်ခင်းပါ ဦးလေးဆုံချိုင်း … အလုပ်များနေတာလား”

“မင်္ဂလာပါ အန်းရေ .. ဟုတ်တရ်။ ဦးလေး အရေးပေါ်ကိတ်စ တစ်ခုကြောင့် အခုချက်ချင်း မယ့်ကျန်းမြို့ပေါ် ခဏသွားရမရ်။ အဲ့ဒါ အန်းရောက်လာတာ အတော်ပဲ။ ဧည့်သည်ကို ဒီနေ့ သမီးပဲ စိုက်ခင်းတွေ လိုက်ပြလိုက်ပါ။ အဆင်ပြေတရ် မဟုတ်လား”

“ဟုတ် ရပါတရ် ဦးလေး … သမီးတာဝန်ထားလိုက်ပါ။ ဦးလေး သွားစရာရှိတာ ဖြောင့်ဖြောင့်သွားပါ”

“အေးအေး … မိုက်ကယ်ရေ … အားနာပါတရ်ကွရ် .. ဦးလေး အရေးပေါ်ကိတ်စရှိလို့ ရွာထဲ လိုက်မပို့နိုင်တော့ဘူး။ သမီး အန်းနဲ့ပဲ သွားလိုက်တော့နော်… ကဲ .. သမီးအန်းရေ .. ပြောပေးပါဦး ..”

“ဟုတ်ကဲ့ဦးလေး … ။ မိုက်ကယ်။ ဦးလေးက ပြောတရ်။ သူအရေးကြီးကိတ်စ် တစ်ခုရှိလို့ ဒီနေ့ ရွာထဲ လိုက်မပို့နိုင်တာ အားနာပါတရ်တဲ့”

“အာာ မဟုတ်တာ။ ရပါတရ်။ ကျွန်တော့်အတွက် အဆင်ပြေပါတရ်။ သွားစရာရှိတာ သွားပါ”

“သွားစရာရှိတာ သွားပါတဲ့ ဦးလေးရေ …”

“ကဲကဲ … ဒါဆိုရင် သွားပြီနော်။”

“ဟုတ်ကဲ့ပါ ..”

************

ဦးလေးဆုံချိုင်း အိမ်ပေါ်က ဆင်းသွားသည်နှင့် ရတီက …

“မစ္စတာမိုက်ကယ် … မနက်စာစားပြီးပြီလား”

“ဟုတ်ကဲ့ … ပြီးပါပြီ”

“ဒါဖြင့် မနက်ပိုင်း ရွာထဲ ပတ်လျှောက်ရအောင်လား … ပြီးတော့ စိုက်ခင်းကို တခါတည်းသွားရင်း ညနေမှ ရွာထဲ ပြန်လာရအောင် … ဘယ်လိုသဘောရပါသလဲ”

“ဟုတ်ကဲ့ … သိပ်ကောင်းတဲ့ အစီစဉ်ပါပဲ .. သွားကြတာပေါ့ ..”

ရတီနှင့် မိုးခ ရွာထဲ အတူလျှောက်ရင်း ရွာသားတွေအိမ်ကို ၀င်လည်ကြသည်။ အိမ်ရှင်ကလဲ ဧည့်သည်ကို ပျူငှာစွာ ဧည့်ခံပါသည်။ မိုးခကတော့ အိမ်၏တည်ဆောက်ပုံကို စိတ်ဝင်စားစွာ လေ့လာရင်း အိမ်အမိုးနားတွင် ၀ါးကျည်တောက် ဗူးတစ်ခုကို ခေါင်မိုးရှိ ၀ါးလုံးနှင့် တွဲကပ်ချည်နှောင်ထားသည်ကို တွေ့ရတော့ … မိုးခက .. ရတီဖက်လှည့်ပြီး ..

“အဲ့ဒီ ၀ါးကျည်တောက်ဗူးလေးက ဘာလို့အဲ့မှာ ချည်ထားရတာလဲဟင်။ ကျွန်တော် တွေ့နေတာ ၃အိမ်လောက်ရှိပြီနော် …”

“ကျွန်မလဲ သေချာတော့ သတိမထားမိဘူး။ မိုက်ကယ်ပြောမှပဲ သတိထားမိတရ်။ ခဏနော် ကျွန်မ အိမ်ရှင် အဘွားကိုမေးကြည့်မရ် … အဘွား .. အဘွားတို့ အိမ်ခေါင်မိုးပေါ်နားမှာ အဲ့လို ၀ါးကျည်တောက်ဗူးလေးတွေ ချည်ထားတာက ဘာကြောင့်လဲဟင် …”

“အဲ့ဒါက အဘွားတို့ အာခါလူမျိုးတွေရဲ့ ဓလေ့အရ အိမ်ဆောက်ရင် အိမ်စောင့်နတ် ကိုထည့်ပြီး ထားရတာလေ ..”

“အော် .. အဲ့လိုလား အဘွား … ဒီကပါလာတဲ့ ဧည့်သည်က စင်္ကာပူကလေ။ သူက မမြင်ဖူးလို့ မေးနေတာ … သမီးပြန်ရှင်းပြလိုက်ဦးမယ်နော် .. ဒီလိုပါ မစ္စတာမိုက်ကယ် … ဒီအာခါရွာမှာက ထုံးစံရှိတရ်။ အာခါဆိုတာ ထိုင်းနိုင်ငံတွင်းနေတဲ့ တောင်ပေါ်သားလူမျိုးငယ်လေး တစ်ခုပဲပေါ့။ သူတို့ အာခါထုံးစံ အရ အိမ်ဆောက်ရင် အိမ်စောင့်နတ်ထားရတရ်။ ပြီးတော့ မြင့်မြတ်ရာ နေရာမှာထားရတရ်။ ကလေးတွေနဲ့ အမျိုးသမီးတွေဟာ အဲ့ဝါးဗူးကို မကိုင်ရဘူးလို့ ထုံးစံရှိတရ်လေ။ ပြောရရင်တော့ အဲ့ဝါးဗူးလေးဟာ အိမ်စောင့်နတ် ၀ိဥာဉ်ရှိတရ်လို့ ယုံကြည်ကြတရ့်  ..”

“အော် … စိတ်ဝင်စားစရာ ကောင်းတဲ့ လူမျိုးဓလေ့ ထုံးစံ တစ်ခုပဲနော် …”

“ဟုတ်တရ် … ကျွန်မလဲ ဒီမှာနေဖူးတာ သိပ်မကြာသေးပေမယ့် ကျွန်မစိတ်ဝင်စားလို့ လေ့လာထားမိတရ်”

ရတီလဲ အိမ်ရှင်အဘွားနှင့် စကားတွေ ပြောနေရင်း … မိုးခကလဲ သိချင်သမျှကို မေးလိုက်၊ ရတီက ဘာသာပြန်လိုက်နှင့် အချိန် တော်တော်ကုန်သွားသည်။

“မိုက်ကယ်ရေ … ကျွန်မတို့ စိုက်ခင်းတွေဆီသွားတော့မလား။ အချိန်လဲ တော်တော်ကြာသွားပြီ တော်ကြာ မိုးရွာလာမှာ စိုးတရ်”

“ဟုတ်ကဲ့ … သွားရအောင်ပါ …”

ရတီ အိမ်ရှင်အဘွားကို နှုတ်ဆက်ပြီး တောင်ပေါ်ပတ်လမ်းသို့ ထွက်လာခဲ့သည်။ စိုက်ခင်းသို့ လမ်းခရီးက နာရီဝက်လောက် လမ်းလျှောက်ရမှာမို့ ဖြည်းဖြည်းနှင့် မှန်မှန် လမ်းလျှောက်လာရင်း … စကားတွေပြောရင်း .. ယခုချိန်ထိ နှစ်ယောက်လုံး အသိစိတ်ထဲမှာတော့ ထိုင်းမလေး အန်းနှင့် စင်္ကာပူကျောင်းသား မိုက်ကယ် …

***********

စိုက်ခင်းကို ရောက်သွားချိန်မှာတော့ တိမ်တွေမည်းပြီး မိုးရွာချင်သလို။ လွန်ခဲ့သော ၂ပတ်လောက်ကမှ ကောက်ပင်စိုက်ခဲ့တာမို့ လယ်ကွင်းစိမ်းစိမ်းကြားမှာ ဘယ်သူမှ မရှိ။ ဖြတ်သွားဖြတ်လာ ရွာသားအချို့သာ ရှိနေသည်။ မိုးခက ကင်မရာဖြင့် တောင်ပေါ်ရူခင်း အလှအပများကို ဓါတ်ပုံရိုက်နေသည်။ ခဏချင်းအတွင်း အန်းရတီနှင့် မိုက်ကယ် မိုးခတို့သည် သူငယ်ချင်း မိတ်ဆွေများသဖွယ် ရင်းနှီးသွားကြလေသည်။ လယ်ကွင်းထဲ လျှောက်ပတ်သွားရင်း ဓါတ်ပုံတွေ ရိုက်ရင်း …။ ရုတ်တရက် မိုးပြေးလေးများ ကျလာသဖြင့် .. ရတီရော မိုးခရော … ကောက်စိုက်ကွင်း အနီးရှိ နားခိုရာ တဲကလေးသို့ ပြေးကြသည်။ တဲအတွင်း ရောက်ရှိချိန် ၂ယောက်လုံး မိုးရေများ စိုစွတ်လျက်…

“စိတ်မကောင်းပါဘူး မိုက်ကယ်၊ မိုးရွာမယ်မှန်းသိရင် ကျွန်မတို့ အိမ်ပဲပြန်သင့်တာပါ။ အခုတော့ မိုးတွေစိုရွှဲကုန်ပြီ”

“မဟုတ်တာ။ အန်းကိုပဲ ကျွန်တော်အားနာပါတယ်။ ကျွန်တော့်အတွက်ကတော့ စိုးရိမ်စရာမရှိပါဘူး။ ကျွန်တော်သိပ်ပျော်နေပါတရ်။ ကျွန်တော် ဒီလို လွတ်လွတ်လပ်လပ် မလည်ရတာ တော်တော်ကြာခဲ့ပြီ … အန်းက ရီစရာတွေပါ ပြောတော့ ကျွန်တော့်အတွက် ပျော်ရွှင်ရတဲ့ အချိန်တွေပါပဲ”

“တကရ်လား … မိုက်ကယ်ပျော်တရ်ဆိုရင် အန်းလဲ ကျေနပ်ပါတရ်။ ဦးလေးဆုံချိုင်းသိရင်တော့ အန်းကိုဆူမှာ သေချာတရ်”

“မဆူစေရပါဘူး … ကျွန်တော် အာမခံပါတရ် …”

“ကျေးဇူး ကျေးဇူးပါ ….”

“ရပါတယ်ဗျာ … ဒါနဲ့ အန်းကြည့်ရတာ အသက်ငယ်သေးသလိုပဲနော်။ ရိုင်းစိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတရ်နော် အန်းအသက်ဘယ်လောက်ရှိပြီလဲ”

“အော် .. ဒါလား .. အန်းက အခုမှ ၂၁ ပါ”

“အော် …”

မထင်မှတ်ပဲ တိုက်ဆိုင်နေသော အဖြေကြောင့် မိုးခ ရင်ထဲနင့်သွားသည်။ ဘာလို့ ဒီလောက်တိုက်ဆိုင်တာလဲ .. ရတီလဲ ၂၁ပဲ။ ဒါပေမယ့် မိုးခမသိတာက ရတီက ဘယ်မှာနေပြီး ဘာလုပ်နေသလဲဆိုတာပဲ။ ကိုယ်ချစ်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက် ဘယ်မှာနေလဲ ဘာလုပ်နေသလဲဆိုတာတောင် အတိကျမသိခဲ့ရတဲ့ ချစ်သူဘ၀။ ဒါတွေဟာ တကယ်အချစ်မဟုတ်ခဲ့ပါဘူး၊ တိုက်ဆိုင်မူဆိုတာ နေရာတိုင်းမှာ ရှိနေနိုင်တာပဲလေ။ ငါပဲရူးပြီး အော်လိုင်းက ရတီကို ချစ်သူအဖြစ် သံယောဇဉ်တိုး တွယ်တာခဲ့မိလို့ အခုထိ နှလုံးသားမှာ ခံစားချက်တွေ ကျန်နေခဲ့တာ။ ရတီကိုပဲ စိတ်စွဲနေမိခဲ့လိုလဲ .. အရာရာတိုင်းကို ရတီရဲ့ အရိပ်လို့ပဲ မြင်နေမိခဲ့တာ …

မိုးခအတွေးကောင်းနေဆဲမို့ စကားပြန်ပြောသံကို မကြားလိုက် …

“ဟေး … ပြောနေတာ ကြားလား”

“အော် .. အင်း … ဆောရီး ကျွန်တော် အတွေးလွန်နေလို့ပါ”

“ဘာတွေများ တွေးနေမိလို့ ကျွန်မပြောတာတောင်မကြားမိပါလိမ့်။ ချစ်သူကို သတိရနေတာလားရှင် ..”

ရတီက စနောက်သလို အသံမျိုးနှင့် ပြောတော့ မိုးခ အော်ရီမိသည်။

“မဟုတ်ရပါဘူးဗျာ .. ကဲ .. ခုနက ခင်ဗျား ကျွန်တော့ကို ဘာပြောနေတာလဲ ပြန်ပြောလို့ရမလား”

“ကျွန်မပြောတာက မိုက်ကယ်က ကျွန်မရဲ့ မိတ်ဆွေ တစ်ယောက်နဲ့ တူတရ်လို့ ပြောတာပါ”

“အို … ဟုတ်လား။”

“ဟုတ်တရ် … လောကမှာ နာမည်တူမရှား လူတူမရှားဆိုသလိုပါပဲ”

“အင်း … ဖြစ်တတ်ပါတရ်။ ဒါပေမယ့် ကျွန်တော်က ပိုကြည့်ကောင်းတရ် မဟုတ်လား”

“ဟဟ … ရှင်လဲ ရီစရာတွေ ပြောတတ်တာပဲ။ ဟုတ်ပါတရ်လေ။ ရှင်က ပိုကြည့်ကောင်းပါတရ်။ ကျွန်မမိတ်ဆွေက အမြဲ နက်တိုင်နဲ့ကုတ်အကျီင်္နဲ့ … ကြည့်ရတာ အမြဲကျဉ်းကျပ်နေတာပဲ။ ရှင်ကမှ ရှပ်နဲ့ ဂျင်းပန်နဲ့ သိပ်ကြည့်ကောင်းတာပဲ လွတ်လွတ်လပ်လပ်ပေါ့”

“ဒါပေါ့ … ကျွန်တော်က လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တရ်လေ”

“ကျွန်မလဲ လွတ်လပ်မူကို မြတ်နိုးပါတရ်။ အဲ့ဒီအတိုင်း လူတိုင်းကိုလဲ လွတ်လပ်မူနဲ့ တရားမျှတမူ ရစေချင်တရ်”

ရတီပြောရင်း စိုက်ခင်းကို ငေးနေမိသည်။ အတန်ကြာသည်အထိ ၂ယောက်သား စကားတွေ မပြောဖြစ်။

ဆက်ရန်ရှိသည်။

(ATM)

***********************************************

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၃)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၅)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၆)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၇)

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၉)

ဆက်ရန်ရှိသေးသည် ............

No comments:

Post a Comment