Monday, December 5, 2011

ကွဲပြားမူထဲက ညီမျှခြင်း

အဖြူ အမည်း အနီဝါ
ကွဲပြားအရောင်အသား
အနက်အပြာအစိမ်းညို
ကျားမ လဲ ကွဲပြား မျက်ဝန်းများ

နေရာဒေသ လူမျိုးဘာသာ
မတူနိုင်သော်ငြား
အဆင့်တန်း အသိုင်းဝန်း
ထပ်ကွဲပြားဆဲ
ခြားနားမူနဲ့ ကွဲပြားမူကြား
ဒို့လူသားအားလုံး
တမြေတည်းနေ တရေတည်းသောက်
ဘယ်သူမှ မသေသူမရှိဘူး
နောင်တချိန် စွန့်ခွာဒီခနာဟာ
ခနာရုပ်သက်သက် အပုပ်ကောင် တစ်ခုပါ ….

(အသံမဲ့ လူငယ်)

No comments:

Post a Comment