
မခံမရပ်နိုင်တဲ့ ဒေါသမျက်ရည်
မျှော်လင့်ချက်နဲ့ အလင်းတစ်ပေါက်
ဝမ်းနည်းမူတွေ ပြည့်နက်နေဆဲ
ထိုနေရာမှာ တောက်ခေါက်သံတွေ
ခံပြင်းမူနဲ့ ပြည့်နက်နေတဲ့ စိတ်ဓါတ်
ခနာသာပျောက် အိမ်မက်မပျောက်မဲ့
အော်ဟစ်ပျော်ရွင်မူ ပြည့်နက်နေဆဲ
ထိုနေရာမှာ အထီးကျန်မူတွေ
မှောင်တိုက်ကြား အဖော်ပြုဖို့အရိပ်မရှိ
ရက်စက်မူအောက်က နာကျင်မူတွေခံစား
လွတ်မြောက်နိုင်မဲ့တနေ့တော့ မျှော်လင့်နေဆဲ
ထိုနေရာမှာ အသက်စွန့်သူတွေ
စနစ်တစ်ခုအတွက် ဘ၀နဲ့ရင်းပေးဆပ်သူတွေ
ဒို့တွေအတွက် ရာဇ၀င်နဲ့ သမိုင်းကိုရေးခဲ့သူတွေ
သူတို့သေသွားပေမယ့် မသေသေးပါဘူး
သူတို့ စိတ်ဓါတွေနဲ့ အားယူရင်း ငါတို့ရှင်သန်နေတုန်း
သံတိုင်နောက်ကွယ်က စိတ်ဓါတ်တွေနဲ့ ငါတို့ အားယူရှေ့ဆက်နေဆဲ
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီကိုပေါ့ …။
(အသံမဲ့ လူငယ်)
No comments:
Post a Comment