23.5.2013ခုနှစ် - အချိန်း 6း10မိနစ်
မနက်လင်းရောင်ခြည်သည် မိုးကောင်းကင်အထက်မှ တိမ်တိုက်တို့ကိုဖြတ်ကျော်ကာ မြေပြင်ဆီ သို့ ကျရောက်လာလေသည်။ အချိန်မှာ စောစီးလျှက်ရှိသော်လည်း အိမ်တစ်ခုလုံးသည် ရုတ်ရုတ် သဲသဲရှိလျှက်ပင်။ တစ်ဦးတစ်ယောက်မှ အိပ့်စက်နေခြင်းမရှိတော့ပေ။
အသံတို့မှာလည်း ဆူညံ လာသည့်အလျှောက် ထိုအရာထက် ဆူးရှသောအော်သံသည်
မိန်းကလေးတစ်ဦး၏အာခေါင်အ တွင်းမှ လျှံထွက်လာသောနာကျင်မှုပင်တည်း။ တစ်ယောက်က အငှားကားတစ်စီးငှားရန် အပြင် ထွက်သွားလေပြီ။ ဆေးရုံ၌သုံးရန် လိုအပ်မည်ထင်သည့် ပစ္စည်းများအား ချင်းအတွင်းသို့စု ဆောင်းထည့်ရန် အဒေါ်ကြီးတစ်ယောက်ကညွှန်ကြားနေလေ၏။ သူသည်လည်း အိပ့်ယာလိတ် တို့ကို အလျှင်အမြန် ခေါက်ခက်ပြင်ဆင်နေလေသည်။ နာကျင်မှုဝေဒနာကို ခံစားနေရသည့် သူမ၏ဘေးတွင်တော့ သူ၏ယောက်ျားက အားပေးစကားကို ထပ်ကာထပ်ကာ ပြောကြားနေ လေ၏။ထိုအချိန်၌ အငှားကားမှာ ခြံအရှေ့တွင်ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုကားရှိရာဆီသို့ သူမအား မချီခေါ်ဆောင်သွားကြလေသည်။ အိမ်တစ်အိမ်လုံး ဆူညံပြီးသည့်နောက် ကား တစ်ခု လုံးလည်း ထပ်မံဆူညံရပြန်လေပြီ။
ထိုကား ဆေးရုံရောက်သည်နှင့် သူမဆီ ဆရာဝန် ဆရာမများ စွာရောက်လာကာ လှည်းအထက်သို့ တင်ဆောင်တွန်းသွားတော့လေသည်။ ထို့နောက်မှ သူမ၏ ယောက်ကျား၊အမေ၊မောင် နှင့် ညီမတို့သည်လည်း အနည်းငယ် သက်သာရာရတော့သည်။ ထို စိုးရိမ်မှုသည် က်ျမျှတွင်မပြီးသေးမွေးခန်းအတွင်းမှထွက်ပေါ်လာမည့်အခြေအနေကို စောင့်ရပေ အုန်းမည်။ ရင်၌ ပျော်ရွင်ခြင်းကတစ်မျိုး စိုးရိမ်ခြင်းကတစ်မျိုးနှင့် ရသမျှ ဘုရားစာတွေကိုသာ ရွတ်ဖတ်နေလေကြ၏ ။ ထို့နောက် မွေးခန်းအတွင်းမှ ခလေးရော လူကြီးပါ ကျန်းမာပါတယ် ဟူသော စကားကြားမှပင် ထိုယှဉ်တွဲနေသည့် ခံစားမှုမှာ ပျော်ရွှင်မှုဘက်သို့ အားသာသွားရလေ တော့သည်။
ထိုသို့ ကိစ္စများအားလုံးပြီးချိန်၌ နာရီကို ကြည့်မိသော် အချိန်မှာ (7း 10) မိနစ် ဖြစ် နေလေပြီ ။ က်ျအချိန်ကို မင်္ဂလာရှိသောအချိန်ဟု သတ်မှတ်လိုက်လေတော့သည်။
မိသားတစ်စုလုံး ပျော်ရွှင်နေသော်လည်း ဘေး၌ ရှိနေသူတို့မှာ ဆန့်ကျင်ဘက်ခံစားမှုမျိုးကို ဆောင်နေကြသည်။ ညှိုးငယ်သောမျက်နှာတို့ကို ဆောင်လျှက် ပူဆွေးငိုကြွေးခြင်းတို့ဖြစ် လွန်စွာ သောကမီး ပွားများတောက်လောင်နေကြသည်။ တွန်းလှည်းအထက်၌ တင်ထားသော ခန¨ာအ လောင်းအား ပွေ့ဖတ် နမ်းရှုတ်လျှက်ရှိနေသော ယောက်ျားတစ်ဦးနှင့် အသက်မကြီးလှသေးသော မိန်းကလေးတစ်ဦးတို့အား ၀ိုင်းဝန်းဖြေသိမ့် ဆွဲငင်နေရလေသည်။ ထိုအချင်းရာကို ကြည့်ခြင်းဖြစ် သံဝေဂ ရစရာပင်တည်း။ လှည်းအထပ်၌လဲလျှောင်းနေသော ခန¨ာအလောင်းမှာ အထပ်၌ ဖုံးအုပ် ထားသည့် ၀တ်လုံဖြူပိတ်စ ဖယ်ရှားထားခြင်းကြောင့် ထိုအလောင်းကောင်အား ကြည့်ရှူလိုက် လေသည်။
အသက် (၁၀)နှစ်လောက်သာရှိမည့် ခလေးငယ် တစ်ယောက်ပင်တည်း။ ထိုပူ ဆွေးသောက ရောက်နေသူများမှာ သူ၏ မိဘများဖြစ်ဟန်တူသည်။ ထို့နောက် အဖေဖြစ်သူသည် တစ်ဖတ်တွင် မတ်တပ်ရပ်နေသော ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်အား သတ်မယ်၊ ဖြတ်မယ် ဖြစ်နေခြင်းကြောင့် ၀ိုင်းဝန်းဆွဲထားကြရ၏ ။ လွန်စွာ မအေးနိုင်သောမီးတောက်ပါ လား………….။ ထိုသေဆုံးခြင်း၏အစသည် က်ျသို့ရှိခဲ့လေသည်။
23.5.2013 ခုနှစ် . အချိန်း 6း00 နာရီတိတိ..
ဘုရားခန်းမှရှစ်ခိုးသံကြားမှပင် အိပ့်ယာကနိုးလာတော့သည်။ အချိန်ကို ကြည့်ရ်ျ မူးနောက်နောက် ဖြစ်နေသော ခေါင်းအား ဆေးကြောသန့်စင်ရန် နောက်ဖေးမီးဖိုချောင်စီသို့ လျှောက်သွား လိုက်သည်။ ထိုသို့ မျက်နှာသစ်ပြီးမှပင် ဘုရားရှစ်ခိုးပြီးသော မိန်းကလေးတစ်ဦးမှာ သူ့အတွက် ကော်ဖီတစ်ခွက်နှင့် မုန့်ကြွပ်နှစ်ခုအား စားပွဲ၌တည်ခင်းပေးလေ၏။
ထိုမိန်းကလေးမှာ သူ၏မိန်းမ ပင်ဖြစ်သည်။ ဇနီးဖြစ်သူ တည်ခင်းထားသော ကော်ဖီကို သောက်ကာ တိုင်တွင် ချိတ်ဆွဲ လျှက်ရှိသည့် လွယ်အိတ်အားယူရ်ျ အငှားကားထွက်ရန် အချိန်သင့်ပြီဖြစ်ကြောင်း ဇနီးသည်အား လှမ်းပြောလိုက်လေ၏။ မိန်းမဖြစ်သူသည် သူ့အား ခဏတာပွေ့ဖတ်နမ်းရှုံ့ကာ ကားကို သတိ ထားမောင်းရန် မှာကြားပြောဆိုလိုက်လေသည်။ ထို့နောက်သူသည်လည်း ကားပေါ်တက်ရ်ျ မောင်းထွက်လာတော့သည်။ အတော်တန် မောင်းထွက်လာသည်ရှိသော် လမ်းမအထပ်သို့ ရောက်လေသည်။ သူ၏မောင်းနှူန်းမှာ မနှေးမမြန်ဖြစ်သော်လည်း တစ်ဖတ်မှလာသောကား တစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်လာကြောင်းတွေ့ရလေသည်။ ထိုကားမှာ ရေးကြီး သုတ်ပျာ ရှိဟန်ဖြစ်သောကြောင့်ကားအတွင်းကို အနည်းငယ် အကဲခတ်မိ၏။ အော် ……….. အရေးကြီး မှာပေါ့ ဗိုက်ကြီးသည် ဗိုက်နာနေလို့ကိုးဟု တွေးမိသည့်တစ်ခဏ၌ ထို ဗိုက်ကြီးသည်ကားသည် အရှေ့၌ ရှိသောကားအား ကျော်တက်ရာ၌ တစ်ဘက်သို့ ဦးခေါင်းထွက်လာလေသည်။
ထွန်းထား သောမီးရောင်မှာ မျက်စိအတွင်းသို့ဆူးစိုက်ဝင်ရောက်လာသည့် တစ်ပြိုင်နက် သူသည် လမ်းမ၏ တစ်ဖတ်သို့ မတိုက်မိစေရန် ကွေ့ဝင်လိုက်လေသည်။ ရုတ်တရပ်ဖြစ်လာသောအကြောင်းကြောင့် ကားမှာ အရှိန်ပါလာသည်ဖြစ်ရာ ပလက်ဖောင်းတစ်ဖက်ကိုကျော်ရ်ျ ထိုလမ်းဘေးရှိခြံတစ်ခုအ တွင်းသို့ ၀င်ရောက်သွားလေတော့သည်။
ထိုအဖြစ်ကို ဗိုက်ကြီးသည်ကား သိဟန်မတူ သူသည် လည်း ရေးကြီးသုတ်ပြာဖြစ်နေသည်ကိုး။ အကြောင်းကာ က်ျသို့ ချိုးဝင်တိုက်မိသည်ရှိသော် ထိုအ သံနှင့်အတူ ၄င်းခြံအတွင်းမှလူတို့ ပြေးထွက်လာကြတော့သည်။ သူသည်လည်း အလွန်ကြောက် ရွံ့ကာ ဘာလုပ်လို့ဘာကိုင်ရမည်မသိ ကားအောက်သို့ ကပျာကယာဆင်းကြည့်လိုက်သည်ရှိ သော် (၁၀)နှစ်သားကလေးငယ်တစ်ဦးမှာ ကားနှင့် အနည်းငယ်ဝေးသောနေရာတွင် ပစ်လှဲနေပြီး ခရီးဆောင်အိတ်များ ဟိုမှဒီသို့ ပျံ့ကျဲလွှင့်ထွက်နေ၏။ က်ျအခြင်းရာမှာ သူတိုက်မိသည့် အရှိန် ကြောင့်ဖြစ်မှန်းသိသည်နှင့် တစ်ပြိုင်နက် ခန¨ာကိုယ်တစ်ခုလုံးလဲ အေးစက်ထုံကြင်လာကာ စကား မပြောနို်င်လောက်အောင်ပင် ကြောက်ရွံ့သွေးပျက်လာတော့သည်။ ဘေး၌ပြောသောစကား သံများလည်းမသိတော့၊ အော်ဟစ်ငိုယိုနေသော ကြေကွဲစရာအသံသည်လည်း မကြားတော့ဘဲ ကတုန်ဂရင်ဖြစ်ကာ အတွေးတို့ လွှတ်ထွက်နေတော့သည်။ ထို့နောက်မှ အသိတစ်မျိုးကိုရရ်ျ ကလေးငယ်အား ကားအသွင်းသို့တင်ကာ အနီးစက်ဆုံးသောဆေးရုံသို့ မောင်းနှင်လာတော့ သည်။ သူ၏အတွေးသည် စိုးရီမ်ကြောက်ရွံ့ခြင်းကြောင့် မနည်းပင် ကားကို မောင်းနှင်နေ ရလေ၏။ဆေးရုံသို့ရောက်သည်ရှိသော် ဆရာဝန် ဆရာမတို့မှာ ကြိုးစား ပမ်းစား ကုသကြလေ သည်။
သို့သော်လည်း အဖတ်မတင်တော့ပေ။ က်ျကလေးငယ် သေဆုံးသွားပြီဖြစ်သည်။ ထို အခါ သူ၏သောကအပူမီးတို့မှာ ၄င်းမိဘတို့ထက်ပင် ပြင်းထန်ဆူးရှနေတော့သည်။ ကြောက်ရွံ့စိုး ရိမ်မှု ၊ တုန်လှုပ်ချောက်ချားခြင်းနှင့် ပူဆွေးညဉ်းတွားခြင်းတို့မှာ ဆထက် တိုးနေတော့သည်။ ကလေးငယ်အပေါ်၌ တစ်စုံတစ်ရာမစဉ်းစားလိုက်နိုင်ခင် အတွေးတို့သည် သူ၏ မိန်းမထံ ရောက် ရှိသွားလေပြီ။ သူမ၏ ၀မ်းနည်းခြင်းလည်း ဖြစ်လာတော့မည်။ သူမတစ်ယောက်တည်း လောက အတွင်း၌ ဆင်းရဲစွာ နေထိုင်ရတော့မည်။ က်ျသတင်းကိုကြားက သူမ မူးမေ့လဲသွားနိုင်လေသည်။ ဒုက္ခအိုးကြီးပိရောက်လာခြင်းကြောင့် သူမကို လက်ထပ်ယူခဲ့သည့် တစ်ပတ်အကြာကိုပင် မုန်းတီး မိတော့သည်။
အိမ်ထောင်ကျသည်မှာ တစ်ပတ်တာရှိသေးသော်လည်း ရှေ့ရှောက်သူမအတွက် ပျော်ရွင်စရာရှိနိုင်ဖွယ်မတွေ့တော့။ ခန္ဓာကိုယ်တစ်ခုလုံး ထုံကြင်စွန့်အ နေချိန်၌ ခလေးငယ်၏ ဖခင်ဟုထင်ရသော သူမှာ ထိုးမယ် ကြိတ်မယ်ဟုတစ်ဆာဆာ အော်ဟစ်ဆဲရေးနေတော့သည်။ ထိုအချိန်၌ က်ျအကြောင်းအရာလည်း ခေါင်းထဲမရှိ ၊ ခေါင်းထဲရှိနေသည်မှာ ရှေ့လျှောက် တွေ့ ကြုံရမည့် ဒုက္ခဆင်းရဲတွေကိုတာတည်း။
ထိုအခါ အလွန်အမှိုက်မှောင်ကျသည့်အချိန်အား လှမ်း ကြည့်မိလိုက်လေသည်။ အချိန်မှာ (၇း ၁၀) မိနစ်ဖြစ်နေလေတော့၏။
23.5.2013 ခုနှစ် . အချိန်း 5း 30 မိနစ်..
ပစည်းများထုတ်ပိုးနေသော သူ၏ဇနီးသည်အား ကြည့်ရ်ျ ရင်ထဲတွင် ကြိတ်ကာပီတိဖြစ် နေလေ သည်။ သူမဒီလောက်ပျော်ရွှင်နေလိမ့်မည်ဟု အရင်ကသူမသိခဲ့ ။ တစ်ဖတ်၌ ခုန်ပေါက်ဆော့ ကစားနေ သော (၁၀)နှစ်အရွယ် သားလေးမှာလဲ သူ့အတွက် အားဆေးတစ်မျိုးပင်ဖြစ်သည်။
သူ တို့ကို ဂရု တစိုက်မကြည့်မိခဲ့လို့လားမသိ ယခုတွင်တော့ အလွန်ပျော်ရွှင်စရာကောင်းသော မြင် ကွင်းပင် တည်း။ထိုအခါ အရင်၌ရှိသည့် အကြောင်းအရာများကို ပြန်စဉ်းစားကာ သက်ပြင်း တစ်ချက် ချမိလေတော့သည်။ အလုပ်သည်သာ အားထားရာ ၊ အလုပ်ဟူသည် ပျော်ရွှင်ခြင်းကို ပေးစွမ်း နိုင်သည်ဆိုသော ဆောင်ပုဒ်ကို ချိတ်ဆွဲလျှက် နေ့ညမပျက် အလုပ် အလုပ် ဟူရ်ျသာ ဖော်ဆောင် လုပ်ကိုင်ခဲ့သည်။
ဇနီးဖြစ်သူက တစ်ရက်တလေနားရန် ၊ အပန်းဖြေခရီးထွက်ရန် ပြောကြားနေခဲ့ သော်လည်း သူမ၏အလိုကို မလိုက်မိခဲ့ပေ။ အကြောင်းမှာ အလုပ်သည်လဲ အလွန်များပြား နေခဲ့ခြင်းပင်တည်း။ယခုတော့ က်ျသို့မဟုတ်တော့ပေ။ သူ၏သားငယ်အား နေမ ကောင်းဖြစ်ချိန်၌ ကတိထားခဲ့သည့်အတိုင်း ဆေးရုံမှဆင်းသော် ချောင်းသာသို့အပန်းဖြေခရီးပို့ ပေးရန် စီစဉ်ရ တော့လေသည်။ တစ်ဦးတည်းသောသားမို့ အချစ်ဆုံးလည်းဖြစ်ကာ အရိပ် တကြည့်ကြည့်ဖြစ် စောင့်ရှောက်လာခဲ့သည်တာတည်း။ထို့နောက် အသံမြည်လာသော ဖုန်းကို ဘောင်းဘီအိတ် အတွင်းမှ နှိုတ်ထုတ်ကာ ဘယ်ကလဲဟု ကြည့်လိုက်လေ၏။အော်………..အလုပ် ကပဲ။ ထို့နောက် ကိုင်လိုက်ကာ ဒီတစ်ပတ်လုံး ခရီးထွက်မည်ဖြစ်ကြောင်းအား မှာကြားထားလိုက် လေသည်။
ထို့နောက် ဖုန်းကိုလည်းပိတ်ကာ ခရီးထွက်ရန် ကားအားစစ်ဖို့ အိမ်အပြင်သို့ လျှောက်လာခဲ့ လေသည်။ ဘီး ၊ ဆီ ၊မီး အားလုံးစစ်ဆေးပြီးပြီဖြစ်သောကြောင့် အိမ်အတွင်းမှ ဇနီးနှင့်သားတို့အား အော်ခေါ်လိုက်တော့သည်။ ထို့နောက် အိမ်အကူနှစ်ယောက်နှင့် ဦးလေး ဖြစ်သူတို့က အိတ်များ သယ်ဆောင်လာကာ ကားအနောက်ခြမ်းသို့ထည့်ကြလေတော့သည်။ သူ၏ဇနီးနှင့် သားငယ်တို့ အိမ်အပြင်ရောက်သည်ရှိသော် ဇနီးလက်မှ ခရီးဆောင်အိတ် အားကူသယ်ရ်ျ ကားအတွင်းသို့ ထည့်မည်အလုပ်မှ အိမ်ခန်းအတွင်းမှ အမေ၏ခေါ်သံကို ကြားရ လေတော့၏။
ထို့နောက် ပစ္စည်း အိတ်ကို မြေ၌ချကာ လင်မယားနှစ်ယေက်စလုံး အထဲသို့ ၀င် သွားလေသည်။ခလေးမှာ ခရီး ထွက်ရတော့မည်ဟူကာ ပျော်ရွှင် ခုန်ပေါက် ဆော့ကစားချိန်၌ “ဒုန်း”ဟူသောအသံနှင့်အတူခြံစည်းရိုးတစ်လျှောက်မှာ အနားဆီသို့ လွင့်စင်လာလေ၏။ပြင်းထန် သောထိခိုက်မှုကြောင့်ကလေးမှာ ၁၀ပေအကွာထိလွှင့်စင်လျှက် မြေတွင်ချထားသောခရီးဆောင် အိတ်တို့သည် ဟိုမှ ဒီသို့ ပြန့်ကျဲ သွားလေတော့သည်။ ထိုအသံကြောင့် အိမ်ထဲတွင်ရှိသော လင်မားနှစ်ယောက်စလုံးနှင့်အတူ အမေ၊ အဖေ ၊ ဦးလေးနှင့် အိမ်အကူများပါ ၄င်းနေရာဆီသို့ ပြေးထွက်လာကြတော့၏။ အဖြစ်အပျက်ကိုတွေ့က အနည်းငယ် ကြောင်အမ်းမှုတို့ဖြစ်သော် လည်း မကြာခင်သတိပြန်ရ ရ်ျခလေးဆီ ဦးတည်ပြေးထွက်ကြတော့သည်။ လောကကြီးသည် ဆန်းကြယ်စွ ။
ယခုပင် အလွန် ကြည်နူးစရာကောင်းသောမြင်ကွင်းမျိုးရှိခဲ့သော်လည်း အခုတော့ အလွန်စိုးထိတ်စရာကောင်းသောအခြေနေတစ်ရပ်ပင်ပါတကား။မိဘတို့၏ရင်တွင် စိုးရိမ်ကြောက် ရွံ့မှုဖြစ်ကာ အဘယ်စကား မှမဆိုနိုင်ဘဲ ကလေးငယ်အား ကောက်ချီထွေးပိုက်ရ်ျ ငိုကြွေးခြင်း ကိုတာ ပြုကြနေသည်။ ထိုနောက်မှ သတိရကာ ၀င်ရောက်လာသော ကားအထဲမှ သူငယ်အား ကားထဲဝင်ပြီးဆေးရုံပို့ရန် ပြောကြားလိုက်တော့သည်။
ကြောင်အမ်းအမ်းဖြစ်နေသောသူငယ် သည် ထိုစကားကိုကြားသည်မှ သတိဝင်ရောက်လာဟန်ဖြစ် ခလေးအားပွေ့ချီကာ ကားအတွင်း သို့တင်ရ်ျ အနီးစက်ဆုံး သောဆေးရုံသို့ မောင်းနှင်လေတော့သည်။ အဖေဖြစ်သူသည် မည်သည့် စကားမှမဆိုနိုင် ဘဲရှိလျှက် ဒီလိုကိစ္စမဖြစ်ပါစေနဲ့ဟူသာ အကြိမ်ကြိမ်ဆုတောင်းနေလေသည်။ ထိုအခါ ဆေးရုံ သို့ရောက်သည်ရှိသော် ဆရာဝန် ဆရာမများဝိုင်းအုန်လာရ်ျ ကြိုးစားကုသလေ တော့၏။ ကံမှာ ဆိုးရွားလာပြီဖြစ်ခြင်းကြောင့် သူ၏သား အသက်ကို မကယ်နိုင်တော့ပေ။
ထိုအခါ အိပ့်ပျော်နေ သယောင်ရှိသော ခလေး၏ မျက်နှာအားကြည့်ကာ တစိမ့်စိမ့်ဝမ်းနည်းပူဆွေးခြင်းတို့ တိုးပွား လာပြီး အရင်ကအလုပ်အပေါ် အာရုံစိုက်မိခဲ့သည်ကိုသာ နောင်တရ ဖိဆီးနေတော့၏ ။
ခလေးခန္ဓာအားပွေ့ဖက်ကာ မလွှတ်ချင်လောက်အောင် ပူလောင်ငိုကြွေးနေသော်လည်း ထိုအပူ တို့အတွက် ဖြေဆေးမှာ ၄င်းတိုက်လိုက်သောကားသမားထံသို့ ရောက်လေတော့သည်။ ထိုအခါ သူငယ်ကို သတ်မှကောင်းလိမ့်မည်ဟု အတွေးမှိုက်ဝင်ရောက်ဖိဆီးလာပြီး ထိုသူ့ထံသို့ သွား ရောက်ထိုးကြိတ်ရန်ပြုတော့သည်။ အနား၌ရှိနေသော အိမ်အကူတို့နှင့် ဦးလေးဖြစ်သူတို့က ဆွဲလျှက်တားခြင်းကြောင့် ရှုန်းရင်းဆန်ခက်ဖြစ်ကာ လက်မှဝတ်ထားသောလတ်ပတ်နာရီသည် ကြမ်းပြင်အထပ်သို့ ကျကွဲလေတော့သည်။
ထို့နောက် သောကများဖုံးလွှမ်းနေသော ကိုယ် ခန¨ာမှာ ကြမ်းပြင်သို့တိုင် လဲကျလုမတက် ဖြစ်ကာမျှဖြစ် ကွဲအစ်နေသောနာရီကို တွေ့ရလေ၏။ ထို့အခါမှ သားလေးအတွတ် အလွန်ကံဆိုးလှသောအချိန်ကို သေချာမှတ်သားလိုက်တော့ သည်။ အချိန်မှာ ( ၇း ၁၀ ) မိနစ်ပင်တည်း။
--------
" ယခုအချိန်သင်အလွန်အမင်ပျော်ရွှင်နေသော်လည်း ယခုအချိန်၌ပင် ဝမ်းနည်းငိုကြွေး၍ ပရိဒေဝမီးများ တောက်လောင်နေသောသူများမှာ သင်ရရှိသောအချိန်အတွင်း၌ပင်မူ ဒီလောက၌ အလွန်များပြားစွာ ဖြစ်ပျက်တည်ရှိနေကြောင်းးကို သင်သတိပြုသင့်ပါသည် "
(မျိုးသက်ဇော်)
No comments:
Post a Comment