“ငါ အချစ်ကို မသိချင်ပါ
အသည်းကွဲခြင်းသာ နောက်ဆုံးလား
နူးညံ့တဲ့ ငါ့နှလုံးသား
ခံနိုင်စွမ်းမရှိတော့လို့ပါ
အရာရာမေ့ပစ်လိုက်ဖို့ ကြိုးစားရင်း
ရင်ကို နာကျင်စေခဲ့တာ
ဒါအချစ်တဲ့လား …
ရတီ ဆုံးဖြတ်လိုက်တရ်။ ရတီ ကိုမိုးခကို အကုန်ဖွင့်ပြောလိုက်တော့မရ်လို့ … မတည်မြဲတဲ့ အချစ်ကို ရတီဆက်ပြီး မပိုင်ဆိုင်ချင်တော့ဘူး။ ခွဲရမရ်ဆိုရင်လဲ အခုကတည်းက တစ်ယောက်တည်းဘ၀ကို ခံနိုင်စွမ်းရှိအောင် ရတီကြိုးစားတော့မရ်။
ရတီးး ကို … ရတီအခုလို ပြောလိုက်ရတာ စိတ်မကောင်းပါဘူး။ ရတီတို့ လမ်းခွဲရအောင်နော်။ တကရ်တော့လေ ရတီဟာ ကိုထင်သလို ရုံးစာရေး မဟုတ်ပါဘူး။ ပြီးတော့အရင်က ရတီနဲ့ အတူနေခဲ့ဖူးတဲ့ ကောင်လေးရှိဖူးပါတရ်။ ဒါပေမယ့် သူ့ရဲ့သစ္စာမရှိမူ တွေကြောင့် အခုချိန်မှာ ရတီက အကြွေပန်းလေး တစ်ပွင့်ပါပဲ။ ဒီလောက်ကို ကိုသဘောပေါက်မှာပါ။ ရတီရဲ့ အချစ်တွေကို သန့်သန့်လေး မြတ်နိုးပြီး တန်ဖိုးထားခဲ့တဲ့ ကိုနဲ့တွေ့လိုက်ရချိန်မှာတော့ ရတီကိုယ့်ကိုယ် မလုံမလဲခံစားရတရ်။ အတိတ်ကို အတိတ်မှာပဲထားချင်ပေမယ့် နောင်တစ်ချိန် ရတီ့အကြောင် ကိုသိသွားခဲ့ရင်လဲ ရတီ့ကို လမ်းခွဲသွားဦးမှာပဲ။ ကို့ကိုလဲ တစ်သက်လုံးညာပြီး ကို့အချစ်တွေ အကြင်နာတွေကို ရတီမလိုချင်ပါဘူး။ ရတီ လိပ်ပြာမသန့်ဘူး။ ရတီ့ကို မုန်းချင်လဲမုန်းပါ။ ရတီ့ကို မေ့လိုက်ပါတော့နော် … ရတီ့ဖက်ကနေတော့ ကိုမိုးခကို မဆုံးသော အချစ်များနဲ့ ထာဝရချစ်နေမှာပါ .. ကိုပျော်ရွှင်ပါစေနော်”
************
“ညီလေး … မိုးခ … ထူးထူးဆန်းဆန်း သောက်နေပါလား ..”
“ဟုတ်တရ် အကိုရာ … ကျွန်တော် အရမ်းစိတ်ညစ်နေလို့ပါ … ပြီးတော့ အကို့ကိုလဲရင်ဖွင့်ချင်လို့ပါ”
“ကဲ ဟုတ်ပါပြီဗျာ … စားရင်း သောက်ရင်း ပြောကြတာပေါ့ …”
မိုးခ အရက်တွေ မသောက်စဖူး တစ်ခွက်ပြီး တစ်ခွက် သောက်နေသည်။ နောက် တော်တော်လေးမူးလာမှပဲ အာလေးလျှာလေးသံဖြင့် …
“အကို .. ကိုဇော်ထက် … အကိုသိတရ်နော် .. ကျွန်တော် ဘယ်တုန်းကမှ ရည်းစားမထားခဲ့ဖူးဘူး .. သိလား …”
“အေးပေါ့ … အကိုတို့ အတူအလုပ်လုပ်လာတာ ၃နှစ်ရှိနေပြီပဲ … ကို့ညီအကြောင်း ကိုသိတာပေါ့ …”
“အဲ့ဒါ … ကျွန်တော် အခု ခံစားနေရတရ်ဗျာ … အရမ်းကို ခံစားနေရတရ် …”
“ဟ … မင်းကရည်းစားမရှိပဲနဲ့ ဘာကိုခံစားနေတာလဲ .. မဟုတ်မှလွဲ မင်းမှာ ကောင်မလေးရှိနေပြီလားကွ. .”
“မဟုတ်ဘူး .. မဟုတ်ဘူး … အဲ့ဒီကောင်မလေးက ကျွန်တော့ ကောင်မလေးမဟုတ်ဘူး။ သူက သစ္စာမရှိတဲ့ ကောင်မလေးပဲ။ သူကျွန်တော့ကို ညာပြီး ချစ်ခဲ့တာ. ဟားဟားဟား …”
“အာာ … မင်းကလဲကွာ ရှုပ်ကုန်ပြီ။ အကိုနားမလည်တော့ဘူး …”
“ဟ ဟ … အကို .. အကိုတောင် နားမလည်တော့ဘူး။ ကျွန်တော်လဲ နားမလည်ဘူး။ သိလား .. အေ့ … ဒါမယ့် ကျွန်တော် သူ့ကို သိပ်ချစ်ခဲ့တာ။ ဒါပေမယ့် သူကကျွန်တော့်ကို ညာခဲ့တရ် … သူကျွန်တော့အချစ်ကို … အေ့ …”
“ဟ .. ညီလေးကလဲ .. မင်းပြောပြောနေတဲ့ သူဆိုတာ ဘယ်သူလဲ။ မင်းကသူ့ကိုချစ်တရ် ? သူကရော်မင်းကို ဘာတွေညာခဲ့လို့လဲ …”
“အကို … ကျွန်တော် ရည်းစားတော့ မထားဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်ထားမဲ့ ကောင်မလေးကိုလဲ ကျွန်တော့်လိုပဲ ဖြစ်စေချင်တရ်။ ဟုတ်ပြီ ကျွန်တော် အစကနေပြောပြမရ်။ ကျွန်တော့်မှာ ကောင်မလေးရှိတရ်။ ဒါမယ့် ကျွန်တော်တို့က အော်လိုင်းမှာပဲ သိခဲ့ကြတာ။ အော်လိုင်းပေါ်ကဆိုလို့ ကျွန်တော့ကို တကရ်အချစ်စစ်မဟုတ်ဘူးလို့ မထင်လိုက်ပါနဲ့ … အေ့ … ကျွန်တော်တို့ တကရ်ချစ်ခဲ့ကြတရ်။ ကျွန်တော်လဲ သိပ်ချစ်တရ် မြတ်နိုးတရ်။ ကျွန်တော်ကလဲ သူ့ရဲ့ သန့်ရှင်းမူကိုတန်ဖိုးထားတရ်။ မိန်းကလေးတွေဟာ ပန်းပွင့်လေးတွေလိုပဲ။ ဒါပေမယ့် ကျွန်တော် နောက်မှ သိလိုက်ရတာက သူဟာ ကျွန်တော်ထင်သလို သန့်ရှင်းစွာပွင့်နေတဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။ အခြားလူ ခြွေသွားခဲ့ဖူးတဲ့ ပန်းတစ်ပွင့်ပဲ။ ဒါကိုကျွန်တော် သိပ်ခံစားနေရတရ်ဗျာ …”
“ဟာာ .. မင်းကလဲ ယောကျားဖြစ်ပြီး မငိုပါနဲ့ကွာ။ ကဲပါ. ဒီလောက်ဆို အကိုလဲသဘောပေါက်ပြီ။ ဒါဆို သူဟာမင်းကို သစ္စာဖောက်ခဲ့တာမှ မဟုတ်တာ”
“မဟုတ်ဘူးအကို … ကျွန်တော့်ဘ၀ကိုလဲ ဘယ်တော့မှ အစွန်းထင်းမရှိစေခဲ့သလို ကျွန်တော် လက်တွဲမဲ့ မိန်းကလေးကိုလဲ ဘာအစွန်းထင်းမှ မရှိစေချင်ဘူး”
“ ဒါကတော့ မင်းရဲ့ ဆုံးဖြတ်ချက်ပါကွာ … မင်းတစ်ကယ်ချစ်ရင်တော့ မင်းသူ့ကို လက်ခံနိုင်ရမှာပေါ့”
“မဟုတ်ဘူး။ ဒါဆိုရင် သူဘာလို့ ကျွန်တော်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့လဲ။ ကျွန်တော်တို့ စတွေ့ကတည်းက ကျွန်တော်လိုချင်တဲ့ မိန်းကလေး ဘယ်လိုဆိုတာ သူ့ကိုပြောဖူးတာပဲ .. ဒါပေမယ့် … သူ ကျွန်တော့်ကို ညာခဲ့တယ်။ ပြီးတော့ ကျွန်တော့ အချစ်တွေ သူညာပြီး ယူသွားခဲ့တယ်။ အခု ကျွန်တော့ရင် ဘယ်လောက် နာကျင်နေလဲ အကိုသိလား … ကျွန်တော် အမုန်းဆုံးက ကျွန်တော့ကို ညာတာကိုပဲ”
“အကို နားလည်ပြီ။ လူတွေဟာ အချစ်ကြောင့် အရာရာကို ရင်ဆိုင်ရဲလာတယ်။ သတ္တိတွေရှိလာတတ်တယ်။ အဲ့သလိုပဲ မင်းကောင်မလေးကလဲ မင်းကိုအရမ်းချစ်မိလို့ မင်းကို ညာခဲ့တာပဲ ဖြစ်မယ် … သူ့အနေနဲ့ ဒီကိတ်စကြီးကို တွေ့သမျှလူတိုင်း သူလိုက်ပြောပြပါ့မလား။ သူ့မိန်းကလေး သိက္ခာရှိသေးတယ်လေကွာ … ဒါကိုလဲ မင်းကငှဲ့ဦးမှာပေါ့”
“မသိတော့ဘူးဗျာ … ကျွန်တော် ဘာမှမသိချင်တော့ဘူး။ …”
*******************
ဒီနေ့ဆို ရတီနဲ့ ကိုနဲ့ လမ်းခွဲခဲ့တာ ၃ရက်ရှိသွားပြီ။ အော်လိုင်းမှာ ကို့အကောင့်လေး မီးလင်းနေတာကို အမြဲတွေ့နေတုန်း။ ကိုရတီ့ကို ဘလော့ မလုပ်သွားဘူးပဲ။ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေရင်း ရတီလဲ ဘာမှစကားမပြောဖြစ်ခဲ့ ….။
ဒီလိုနဲ့ .. တစ်ရက်ပြီး တစ်ရက် …. တစ်ပတ် … နှစ်ပတ် … တစ်လ .. နှစ်လ… သုံးလ … လေးလ …။
ဒီအတောအတွင်း ထိုင်းနိုင်ငံရှိ ချင်းရိုင်း ရုံးသို့ ပြောင်းရွှေ့တာဝန်ကျသည်။ ရတီလဲ ပတ်ဝန်းကျင်သစ် နေရာသစ်မှာ အဆင်ပြေအောင်နေရင်း အလုပ်နားရက်တွေမှာ တောင်ပေါ် အပန်းဖြေရွာလေးမှာ သွားနေရင်း ရွာသူရွာသားများနှင့် အတူနေရင်း ကောက်စိုက်နေခဲ့သည်။ ရုံးအိမ်ကနေ နာရီဝက်လောက် ဆိုင်ကယ်မောင်းရင် ရောက်တဲ့ မယ့်ယောဝ်းဆိုတဲ့ တောင်ပေါ်ရွာလေးမှာ ရုံးခွဲက ညီမလေးတစ်ယောက်က ရွာခံဖြစ်သည်။ သူနဲ့ အပတ်တိုင်း လာလည်ရင်း ရွာခံ လူတစ်ချို့နှင့်လဲ ရင်းနှီးနေခဲ့ပြီ။
မိုးရာသီ … မိုးတွေ ရွာနေတာကို ရတီတဲလေးထဲကနေ ထိုင်ကြည့်နေမိသည်။ ဒီတဲလေးက စိုက်ခင်းတဲဆိုပေမယ့် အမိုးအကာ လုံခြုံစွာရှိနေသည်။ စောင်ကြမ်း ပါးပါးလေး တစ်ထည်လဲ ကွပ်ပစ်ပေါ်မှာ ရှိနေသည်။ တဲအတွင်းအပြင် ကွပ်ပစ်ထိုးထားသောကြောင့် နေ့ခင်းကောက်စိုက် သမားများ လာရောက် အနားယူ ဖို့ အဆင်ပြေလှသည်။ တဲအပြင်မှာလဲ ထိုင်ခုံတန်းလေး ရှိသေးသည်။ ပတ်ပတ်လည်မှာတော့ စိမ်းလန်းစပြုနေတဲ့ ပျိုးပင်လေးတွေ … မျက်စိတဆုံး ပျိုးပင် စိုက်ခင်းတွေချည်း … မိုးဖွဲဖွဲအောက်မှာ …။
ညနေစောင်းတော့ ရွာထဲကို လမ်းလျှောက်ပြန်လာခဲ့သည်။ စိုက်ခင်းနဲ့ ရွာက နာရီဝက်လောက် လမ်းလျှောက်ရတာမို့ ရွာထဲက အိမ်ကိုပြန်ရောက်တော့ မှောင်စပြုနေပြီ။ ရွာခံ ညီမလေး Jen ကတော့ … ထမင်းဝိုင်း ပြင်နေပြီ။ ရတီလဲ ခြေလက်အမြန်ဆေးရင်း မီးဖိုချောင်ထဲ ပြေးဝင်ကာ ထမင်းဝိုင်းအတွက် ပြင်ဆင်ကူလိုက်သည်။ ခဏကြာတော့ ထမင်းဝိုင်းမှာ လူစုံပြီ။ Jen အမေနှင့် Jen တို့မောင်နှမ ၃ယောက် ပြီးတော့ ရတီ။ ထမင်းဟင်းကတော့ ရတီစားနေကျမဟုတ်တဲ့ ကောက်ညှင်းနဲ့ ငြုပ်သီးထောင်း။ Jen ကတိုင်မှာချိတ်ထားတဲ့ အထုပ်လေးကို လှမ်းယူပြီး အထဲမှ အမဲသားခြောက်ကြော် ၅ချောင်းကို တစ်ယောက်တစ်ချောင်းစီ ဝေပေးနေသည်။ Jen မောင်လေး ၂ယောက်ကတော့ တခါလေး အသားကိုကိုက်ဖဲ့ရင်း ကောက်ညှင်းကို လက်နဲ့လုံးပြီး ငြုပ်သီးထောင်းပန်းကန်ထဲ တို့စားနေကြသည်။ ကျွန်မ မျက်လုံးပြူးပြီး သူတို့ကို ကြည့်နေမိတော့ Jen အမေက ကျွန်မကို စိတ်မသက်သာသလို လှမ်းကြည့်ရင်း …
“Nok … Mike .. ဖြည်းဖြည်းစားလေ။ ဧည့်သည်ရှိနေတာကို ဒီလိုစားရလား”
ကလေး ၂ယောက်က ငြိမ်ကျသွားသည်။ ရတီ့ကို အားနာသလို လှမ်းကြည့်တော့ ရတီဘာမှ မဖြစ်သလို ပြုံးပြလိုက်မိသည်။
“အဆင်ပြေရဲ့လား အန်းရယ်။ အမေတို့ မိသားစုက ဒီလိုပဲဆိုတော့ သမီးအနေရကျပ်နေမလား”
“မဖြစ်ပါဘူးရှင် .. ရပါတယ်။ အန်းလဲ ဒီလိုနေရတာ ပျော်ပါတယ်။ အမေ … များများစားနော် …”
“အမရေ … ဒီနေ့ Jen ရွာထဲသွားတော့ သူကြီးနဲ့ တွေ့ခဲ့တယ်။ အဲ့ဒါ အမအန်းရောက်နေတယ်လို့ ပြောပြတော့ သူကပျော်နေတယ်။ အမကိုလဲ အိမ်လာလည်ပါဦးတဲ့ …”
“ဟုတ်လား။ အင်း … မနက်ဖြန် ညနေ ရုံးအိမ်မပြန်ခင် သူကြီးအိမ်သွားရအောင်လေ ..”
“ဟုတ်ကဲ့ အမ …”
ဆက်ရန်ရှိသည်။
(ATM)
***********************************************
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၃)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၆)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၇)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၈)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၉)
ဆက်ရန်ရှိသေးသည် ............
No comments:
Post a Comment