ရတီ အခန်းလေးထဲတွင် … သံစဉ်လွင်လွင်လေး ကြားနေရသည်။ ရတီရေချိုးခန်းထဲမှ ပြေးလာပြီး သံစဉ်လေးဘေးနားရပ်လိုက်သည် …
“ဟလို …”
“ရတီလား … ကိုနှိုင်းပါ …”
“ဟင် .. ဘာလို့ဖုန်းဆက်တာလဲ ဘယ်တော့မှ ရတီကို မဆက်သွယ်နဲ့တော့လို့ ပြောထားတရ် မဟုတ်လား။ ဒီလောက် ဒုက္ခပေးရရင် တော်ရောပေါ့။ အခုရော် ဘာဆက်ပြီး ဒုက္ခပေးဦးမလို့လဲ … ရတီနဲ့ ဝေးဝေးနေပေးပါ။ မသိသလိုနေပေးပါလို့ ရတီပြောပြီးပြီလေ”
“ဟုတ်ပါတရ် ရတီရယ်။ အခု ကိုနှိုင်းတောင်းပန်ချင်လို့ပါ။ ကိုယ့်ဆီပြန်လာပါ ရတီရယ်။ ကိုယ်အခု ကိုယ်တို့အိမ်ခန်းလေးကို ပြန်ဝရ်ထားပြီးပါပြီ။ အတူပြန်နေရအောင်လေ …”
“တော်ပါတော့ ကိုနှိုင်းရယ် … ရတီ ကိုနှိုင်းကိုမုန်းတရ်။ မချစ်တော့ဘူး။ ဒါတွေကလဲ ကိုနှိုင်းရဲ့ စိတ်ဓါတ်ကို သိလိုက်ရလို့ပဲ။ အရင်က ကိုနှိုင်းကို ချစ်ခဲ့သမျှပြန်အမ်းလို့ရရင် အမ်းလိုက်ချင်တရ်။ ရတီကတော့ ကိုနှိုင်းတစ်ယောက်တည်းကိုပဲ ချစ်မိခဲ့တရ်။ ယုံလို့လဲ ပုံအပ်ခဲ့တရ်။ အားလုံးဟာ ကိုနှိုင်း ရတီ့အပေါ်မှာ အခွင့်ကောင်း ယူခဲ့တာချည်းပဲ။ ရတီအချစ်တွေကို အနိုင်ကျင့်ခဲ့တရ် … တော်ပါတော့”
“နေဦး ရတီ …”
“. . . . . ”
ဒီအကြောင်းတွေ ရတီပြန်မတွေးချင်တော့။ ရတီ့အိမ်မက်ဆိုးတွေကို မေ့ထားပြီး အလုပ်ထဲပဲ စိတ်နှစ်ထားခဲ့တာ။ အခုတော့ ရတီဘာမှ မလိုအပ်ပါဘူး။ ရတီ့မှာ ကိုမိုးခလဲ ရှိနေပြီပဲ။ ရတီအတွက် ဘာလိုအပ်သေးလို့လဲ။ ကိုနှိုင်းကိုတော့ ရတီ တော်တော် စိတ်နာသွားခဲ့တာ။ ရတီအကူညီအပ်နေတာတွေကို အခွင့်ကောင်းယူ ကူညီခဲ့ပြီး သူလိုချင်တဲ့ အကွက်တိုင်း ကွက်စေ့ချပြီး ရတီရဲ့ အချစ်တွေကို အရယူခဲ့တာ။ ရတီရဲ့ ယုံကြည်မူနဲ့ အချစ်တွေကို အလွဲသုံးစားလုပ်ပြီး ရတီနဲ့ အတူနေခဲ့တရ်။ နောက်မှသိလိုက်ရတာက။ ကိုနှိုင်းမှာ ရတီထက်အရင် ကောင်မလေးရှိခဲ့တရ်ဆိုတာပဲ။ အဲ့ကောင်မလေးက ရတီ့ကို ဖုန်းဆက်ပြီး သူ့ရည်းစားကို ပြန်တောင်းတရ်လေ။ ထပ်သိလိုက်ရတာက ကိုနှိုင်းဟာ သူ့ကောင်မလေးနဲ့လဲ အတူတူနေတရ်ဆိုတာပါပဲ။ အခွင့်မသာသေးလို့ အဆင်မပြေသေးလို့ လက်ထပ်ဖို့ အချိန်ဆွဲထားဦးမရ်ဆိုတဲ့ ဆင်ခြေရဲ့ နောက်ကွယ်မှာ ကိုနှိုင်းဟာ အမြဲအခွင့်အရေးယူနေခဲ့တရ်။ ဒါတွေဟာ ရတီမိုက်ြပစ်ကြောင့် ခံစားရတရ် လို့ပဲ သဘောထားလိုက်ပါတရ်။ အားလုံးကို မေ့လိုက်ပြီး ဘ၀သစ်မှာ ပျော်အောင်နေမရ်။ ဒါတွေ ပြန်တွေးမိတိုင်း ရတီမျက်ရည်တွေ ကျဆင်းနေတရ်။ အဲ့လို အညာခံလိုက်ရတာကိုလဲ စိတ်ထဲ နာနေတရ်။ ဘယ်လိုလုပ်မှ ဒီအကြောင်းအရာတွေ မေ့သွားနိုင်မှာလဲ။ တခါတလေ အိမ်မက်ဆိုးတွေ ကြားထဲ နိုးမထနိုင်အောင် ခံစားနေရတရ်။ ဘယ်သူ့အမှားလဲ … ဘာကြောင့် ဒီလိုဖြစ်ရတာလဲ …။
****************
အခန်း ၀ါရံတာ ထောင့်လေးမှာ ထိုင်ပြီး ရတီအားရအောင် ငိုနေမိပြန်တရ်။ ရတီငိုနေရင်း ကောင်းကင်ကြီးကို မော့ကြည့်မိတရ်။ လမင်းလဲမရှိဘူး။ ကြယ်တွေလဲမရှိဘူး။ ရတီကို ချော့မဲ့သူ တစ်ယောက်မှလဲ မရှိပါလား။ ရတီ တစ်ယောက်တည်း ဆိုတာ စိတ်က လက်ခံသွားချိန်မှာ ရတီပို ၀မ်းနည်းလာတရ်။ အားငယ်လာတရ်။ ငိုနေချိန်တွေမျာ ရင်ဘတ်ထဲ အရမ်းအောင့်တာပဲ။ ရတီရဲ့ ဘေးနားမှာ တစ်ယောက်ယောက်ကိုရှိစေချင်လိုက်တာ။ သူငယ်ချင်းကို ဖုန်းဆက်ခေါ်ရင် ကောင်းမလား စဉ်းစားမိတရ်။ ဒါမယ့် မဆက်တော့ပါဘူး။ ရတီမျက်ရည်ကျနေတာကို လူတွေကို မမြင်စေချင်ဘူး …။
အင်း .. ငိုလို့ဝပြီပဲ။ မငိုတော့ပါဘူး။ အော်လိုင်းတက်တာပဲ ကောင်းပါတရ်။ ကိုနဲ့တွေ့ရင် ရတီ ပျော်ရမှာပါလေ။ မနေ့က ကိုကစာမပြန်ဘူး။ ရတီတယောက်တည်း စကားတွေ အများကြီး ပြောခဲ့တာ။ ဒီနေ့ဆိုရင်တော့ ကိုရှိရင်ရှိမှာပေါ့။ အဲ့ကျမှ ကောင်းကောင်း စိတ်ကောက်ပြီး ပြသာနာရှာလိုက်ဦးမရ်။ ဘာကြောင့် ရတီ့ကို စာပြန်မရေးတာလဲလို့လေ .. ဟိဟိ။ ရတီ စိတ်ကောက်ရင် ကိုမနေတတ်ဘူးလေ။ ရတီစိတ်ကောက်ပြေအောင် အမြဲချော့နေကျပဲ။ အင်း … ဗိုက်တောင်ဆာလာပြီ။ ခဏနေကျရင် ခေါက်ဆွဲပြုတ်စားပြီး ကိုနဲ့တူတူစားဦးမရ်။ ကိုလဲခုချိန်ဆို ထမင်းစားချိန်ဖြစ်မှာပဲ။ ကို့ကိုလဲ ခေါက်ဆွဲပဲ ပြုတ်ခိုင်းပြီး တူတူစားဦးမရ်။ အင်း … ပျော်ပျော်နေရမရ်။ စိတ်ညစ်စရာတွေ သူများကို မကူးစက်စေရဘူး …
အမျိုးမျိုးတွေးရင်း ရတီ … အခန်းထဲ ပြန်ဝင်လာပြီး Gtalk sign in ၀င်လိုက်ချိန်မှာ ကို့ကိုတွေ့လိုက်ရမရ်လို့ ထင်ထားခဲ့တရ်။ ဒါမယ့် ကိုကမရှိနေဘူး။ chat box ပွင့်သွားချိန် … မနေ့ညက ကိုချန်ခဲ့တဲ့ message ကိုတွေ့လိုက်ရတော့ ရတီပျော်သွားတရ်။
ကိုရေးထားတဲ့ စာကို ဆုံးအောင် ဖတ်ပြီးချိန်မှာတော့ … … ရတီ … …။
ငိုဖို့ မျက်ရည်လဲ မကျနိုင်တော့ဘူး … ရင်ထဲ တဆစ်ဆစ်နဲ့ နာကျင်နေတရ် …။
ရတီ … ဆက်ငိုဖို့ အင်အားလဲ မကျန်တော့ဘူး … ကောင်းကင်ကြီးကို ကြောင်တောင်တောင်နဲ့ မော့ကြည့်နေမိတရ်။ ကြယ်လဲမရှိ လလဲမရှိတဲ့ ညမှာ … မိုးတွေရွာနေပြီ။ မျက်နှာပေါ်လာစင်တဲ့ မိုးရေစက်တွေကို လက်နဲ့မသပ်ချမိဘူး။ အော် … သူတို့လဲ ရတီ့မျက်ရည်လေးတွေ အစားထိုးဝင်ရောက်ချင်နေတာပါလား …။
ဆက်ရန်ရှိသည်။
(ATM)
***********************************************
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၅)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၆)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၇)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၈)
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၉)
ဆက်ရန်ရှိသေးသည် ............
No comments:
Post a Comment