"အသံမဲ့လူငယ်"
ပြောနေတဲ့ စကားတွေကို နားပိတ်ထားတရ်။ အသံတွေ ကြားနေတာကို ဂရုမစိုက်ခဲ့ဘူး။ ပြောနေတဲ့အသံတွေကို သူတို့မကြားနိုင်ဘူး။ အသံရှိရက်နဲ့ .. လွတ်လွတ်လပ်လပ် ပြောဆိုခွင့်မရတဲ့ လူတွေ ဘ၀တွေကို ကိုယ်စားပြုချင်ပါတရ် ... (ရင်ထဲမှာ အမြဲရှင်သန်နေတဲ့ ကဗျာတွေ စာတွေနဲ့ပဲ ဒီဘလော့လေးကို ဖြည့်ထားခဲ့ပါတရ် ဝေဖန်ချင်သလို ပြန်ဝေဖန်လို့ရပါတရ်။ ဒါပေမဲ့လူတိုင်းဟာ ကိုယ့်အယူအဆနဲ့ကိုယ်အသက်ရှင်နေကြတာလေ ..)
Tuesday, September 2, 2014
အချိန်၏ မျဉ်းပေါ်မှ ဆုံမှတ်
မနက်လင်းရောင်ခြည်သည် မိုးကောင်းကင်အထက်မှ တိမ်တိုက်တို့ကိုဖြတ်ကျော်ကာ မြေပြင်ဆီ သို့ ကျရောက်လာလေသည်။ အချိန်မှာ စောစီးလျှက်ရှိသော်လည်း အိမ်တစ်ခုလုံးသည် ရုတ်ရုတ် သဲသဲရှိလျှက်ပင်။ တစ်ဦးတစ်ယောက်မှ အိပ့်စက်နေခြင်းမရှိတော့ပေ။
အသံတို့မှာလည်း ဆူညံ လာသည့်အလျှောက် ထိုအရာထက် ဆူးရှသောအော်သံသည်
Monday, December 5, 2011
သံတိုင်နောက်က ထိုနေရာ
ကွဲပြားမူထဲက ညီမျှခြင်း
ကွဲပြားအရောင်အသား
အနက်အပြာအစိမ်းညို
ကျားမ လဲ ကွဲပြား မျက်ဝန်းများ
ခေါင်းပေါ်မှ ဖြတ်သန်းသွားသော ...
နားလည်ပါပြီ
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၉)
တဲအပြင်ဖက်တွင်ထိုင်ရင်း တောင်တန်းများနှင့် စိုက်ခင်းများကိုငေးနေစဉ် ရတီလွယ်အိတ်ထဲမှ ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ ကိုနှိုင်းဖြစ်နေသည်။ ရတီဖုန်းကို ပိတ်လိုက်သည်။ ခဏကြာမှ မိုးခဆီလျှောက်သွားရင်း …
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၈)
မိုးခ နှင့်ရတီ မယ့်ယောင်ဝ်းရွာကို ရောက်တာနှင့် သူကြီးဆုံချိုင်းက ထွက်ကြိုသည်။ မိုးခတည်းခိုရန်ကိုလဲ သူကြီးအိမ်တွင်ပင် နေရာပြင်ဆင်ပေးသည်။
“အန်းရေ … မိုက်ကယ်ကို ပြောလိုက်ပါဦး။ ရေမိုးချိုးပြီးရင် ထမင်းစားရအောင်လို့၊ မနက်ဖြန်ကျမှ ရွာထဲ လည်ရင်း စိုက်ခင်းတွေ သွားကြည့်ကြမရ်လို့ …”
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၇)
“လွမ်းနေမှာပဲ … သိတယ် …
လိုက်ရှာနေမလား … တွေ့တယ် …
ရှိပါစေတော့လေ …
လွင့်ငိုသံလေး … ကြားတယ် …
လှမ်းမျှော်နေမှန်း …သိတယ် …
မေ့နိုင်ပါစေတော့ …
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၆)
“မင်္ဂလာပါ … ဦးလေး ဆုံချိုင်းရှိပါသလားရှင်…”
အိမ်အောက်တွင် နွားစာစဉ်းနေသော သူကြီးသား ဆွန်ဘွန် က ရတီကိုလှမ်းမြင်ပြီး …
“အော် .. အန်းရတီပါလား။ နင်ဘယ်တုန်းက ငါတို့ရွာကို ရောက်တာလဲ။ လာလေ .. အဖေရှိတရ်။ အိမ်ပေါ်မှာ”
“အင်း ရတယ်။ ဒါဆို ငါပဲတက်သွားလိုက်မယ်။ နင်ဘယ်တုန်းက
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)
March 8 ရက်နေ့ အမျိုးသမီးများနေ့။
“မိုးခရေ … ကနေ့က လမ်းလျှောက်ချီတက်ပွဲနော် အထူးလှုပ်ရှားသူတွေရှိရင် စာရင်းကောက်ထားရမရ်”
“ဟုတ်ကဲ့အကို … ဒီတခါတော့ အဖွဲ့စုံမရ်ထင်တရ် …။ ကျောင်းတွေကလဲ ပါမရ် ပြောတရ်”
“အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံနဲ့ ကြားလား။ အဲ့ဒီမှာ ဒို့လူလွှတ်ထားပြီးပြီ။ သူကနေပြီး ကင်မရာရိုက်လိမ့်မရ်။ မင်းက ရုံးကပဲထိုင်ပြီး
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သုများ (အပိုင်း ၅)
“ငါ အချစ်ကို မသိချင်ပါ
အသည်းကွဲခြင်းသာ နောက်ဆုံးလား
နူးညံ့တဲ့ ငါ့နှလုံးသား
ခံနိုင်စွမ်းမရှိတော့လို့ပါ
အရာရာမေ့ပစ်လိုက်ဖို့ ကြိုးစားရင်း
ရင်ကို နာကျင်စေခဲ့တာ
ဒါအချစ်တဲ့လား …
ဒါအချစ်ပဲလား ယုံစား …”
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၃)
ရတီ အခန်းလေးထဲတွင် … သံစဉ်လွင်လွင်လေး ကြားနေရသည်။ ရတီရေချိုးခန်းထဲမှ ပြေးလာပြီး သံစဉ်လေးဘေးနားရပ်လိုက်သည် …
“ဟလို …”
“ရတီလား … ကိုနှိုင်းပါ …”
“ဟင် .. ဘာလို့ဖုန်းဆက်တာလဲ ဘယ်တော့မှ ရတီကို မဆက်သွယ်နဲ့တော့
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)
“အချစ်တစ်ခုကို အရူးမူးခံစားပြီးနောက်
ရင်ခုန်စရာဆိုတာ ထပ်ရှိလာဦးမှာလား
ဒါပေမယ့် ဒီအကြည့်တစ်ခုရဲ့အောက်
ရှုံးနှိမ့်ခဲ့တာ အကြိမ်ကြိမ်ပါ …
ငါ … ၀န်ခံပါတရ် …
နင့်ကိုချစ်တရ် …
ကျေးဇူးပြုပြီး
င့ါကိုခွဲမသွားပါနဲ့နော် …”
အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၁)
“ငါအမြဲလိုက်ရှာနေမိတရ် …
ငါလိုချင်တဲ့ အရာဟာ
မမြဲဘူးဆိုတာလဲ ငါသိတရ်
အဲ့ဒါဟာ အချစ် … ဆိုရင်ရော် ….!”
*********
တစ်ယောက်တည်း နေရသော ခံစားချက်ကို ဘာနဲ့မှ မလဲနိုင်။ ဒါပေမယ့် လူဆိုတာ တစ်ယောက်တည်း ဘရ်နေချင်ပါ့မလဲ။ အထူးသဖြင့် မိဘမောင်နှမ သူငယ်ချင်းတွေနဲ့ ခွဲပြီး ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံမှာ နေရတဲ့အချိန်တွေပေါ့။ လူမျိုးခြား ယဉ်ကျေးမှူခြားတဲ့ နေရာမှာ တစ်ယောက်တည်း
Sunday, October 23, 2011
တွေ့ဆုံ ခွဲခွာမူရဲ့ နေရာသစ် တစ်ခု ....


Wednesday, November 3, 2010
---- မေမေအတ္တကြီးတရ် (သို့) သမီးလေးရဲ့ ဒိုင်ယာရီ ----
“ဟုတ်ကဲ့ ရှိပါတရ် ..”
“အိမ်ထောင်သက်တမ်းရော် ..?”
“၃လထဲမှာပါ ဆရာ ..”
“အင်း … ဒီမှာ ဆေးစစ်ချက် အဖြေထွက်ပြီ။ ကိုယ်ဝန်ရှိနေတရ်နော် .. ကိုယ်ဝန်ဆောင် အားတိုးဆေးပါ ပေးလိုက်တရ် .. ဂရုစိုက်ပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
**********
အခုဆိုရင် မေမေ့ဗိုက်ထဲမှာ သမီးရှိတာ မေမေသိလောက်ပြီပေါ့။ မေမေ ခဏခဏ နေမကောင်း ဖြစ်နေတာ သမီးကြောင့်ပါ။ တောင်းပန်ပန်ါတရ် မေမေရယ်။ သမီးမေမေ့ဗိုက်ထဲ စရောက်ကတည်းက မေမေခဏခဏ အန်ချင်နေတယ် မဟုတ်လားဟင်။ အချဉ်အစပ်ဆိုလဲ စားချင်။ အပူအအေးတွေလဲ စားချင်နဲ့။ အခုတော့ အစုံစားပြီး ဗိုက်အောင့် နေမကောင်းဖြစ်ပြီပေါ့။ ဂရုစိုက်လေ မေမေရဲ့ …။
**********
“ဒီအချိန်ဆို အပျော်ဆုံးလူဟာ မောင်ဖြစ်ရမှာ .. အခုတော့ကွာ .. တောက်”
“မောင်ကလဲ .. အဲ့လိုမပြောပါနဲ့။ ဘာပဲဖြစ်ဖြစ် ဒါက မောင်နဲ့ ရခဲ့တာပါပဲ။ တခြားသူသွေးမဟုတ်ပါဘူးမောင် ..”
“တော်စမ်းပါ .. မင်းလို ငါ့အပေါ်သစ္စာမရှိတဲ့ မိန်းမက … ဒီကလေးက ငါ့သွေးမစစ်တော့ဘူး”
“မောင် .. မောင်မယုံရင် သွေးစစ်ကြည့်လို့ရတရ်နော် .. ကလေးထဲမှာ သွေးနှောရင် လုံးဝမယူပါဘူး”
“အေး … ငါက အဲ့သလို လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ချင်လို့ပေါ့”
“ဒါဆို မောင်က ဘာကို လက်မခံနိုင်ဖြစ်နေရတာလဲ …”
“တော်ပြီ … မင်းကိုလဲ မမြင်ချင်ဘူး။ ဒီည ဆိုင်မှာသွားအိပ်မရ်”
“မသွားပါနဲ့မောင် .. တစ်ယောက်တည်း ထားခဲ့မလို့လား”
“ဖယ်စမ်း … မင်းတောင် မင်းလုပ်ချင်တာ လုပ်လာတာ ငါလဲ ငါသွားချင်တဲ့ နေရာငါသွားမယ်”
“မသွားပါနဲ့ဆို .. မောင်”
“ဖယ် … သွားစမ်းကွာ”
**********
မြေကြီးပေါ် မေမေလက်ထောက်ထား၇င်း လက်တဖက်က ဗိုက်ကိုကိုင်ထားတရ်။ မေမေဖင်ထိုင်ရက် လဲကျတာလားဟင်။ ဘယ်နာသွားသေးလဲဟင်။ သမီးကို မေမေစိတ်ပူလို့လားဟင်။ သမီးဘာမှ မဖြစ်ပါဘူး။ ရင်တော့ တုန်သွားတရ်။ မေမေ အဆင်ပြေရဲ့လား။ မေမေ့သားအိမ်က သမီးကို ကောင်းကောင်း အကာကွယ် ပေးပါတရ်။ ဂရုစိုက်နော် မေမေ …။
**********
“ဆေးစစ်ချက်က ထွက်ပြီးပြီလား …”
“ဟုတ်ကဲ့ … ကိုယ်ဝန်ရှိနေပါတရ်”
“အင်း .. ဒါဆိုရင်တော့ မလိုချင်လို့ မရဘူးလေ .. ဆေးခန်းမှာ ဒါမျိုးတော့ မလုပ်ပေးဘူး …”
“ဒါဆို ဘယ်လိုမှ ဖျက်ချလို့ မရဘူးလားဟင်..”
“အဲ့ဒါမျိုးတွေ လုပ်ပေးနေတဲ့ နေရာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဆေးခန်းကတော့ မလုပ်ပေးဘူး။ အကောင်းဆုံးကတော့ ကလေးကို မွေးလိုက်ဖို့ပဲ”
“ဟုတ်ကဲ့ ဆရာ …”
“အခုဆိုရင်တော့ ကိုယ်ဝန်က နုသေးတရ်။ လေးလ ငါးလလောက်ကျရင်တော့ မိန်းကလေးလား ယောကျားလေးလား သိနိုင်တာပေါ့။ မွေးလိုက်တာ အကောင်းဆုံးပဲလို့ ဆရာအကြံပေးမယ်။ ကဲ .. ဘာမေးချင်သေးလဲ …”
“မရှိတော့ပါဘူးဆရာ .. ကျေးဇူးတင်ပါတရ် .. ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး …”
**********
ဆေးခန်းသွားပြ ပြန်ပြီလား မေမေ။ နေမကောင်းဘူးလားဟင်။ ဖေဖေနဲ့ မေမေနဲ့ ပြောနေတာ သမီးအကုန်ကြားပါတရ်။ မေမေတို့က သမီးကို မလိုချင်လို့လားဟင်။ သြော် .. သမီးသိပြီ။ ဒါလေးများ မေမေရယ်။ ဖေဖေ့ကို အမှန်တိုင်း ဖွင့်ပြောလိုက်ပေါ့။ မေမေတို့ သမီးကြောင့် ခဏခဏ စကားများနေရတရ်။ မေမေက ဘာကြောင့် ဖေဖေ့ကို အမှန်တိုင်း မပြောလိုက်တာလဲ။ သမီးက ဖေဖေ့သွေးအစစ်ပါလို့၊ ဘယ်သူ့သွေးမှ မရောပါဘြူးလို့ ဘာလို့ မပြောလိုက်တာလဲ။ အဲ့ဒါဆိုရင် ဖေဖေလဲ သမီးကို ချစ်မှာ သေချာပါတရ်။ ဖေဖေက အဲ့သလောက် သဘောကောင်းတာ။ သမီးကို မစွန့်ပစ်လောက်ပါဘူးနော့ …။
**********
ဒီနေ့လဲ မေမေငိုနေပြန်ပြီ။ ဘာလို့ ငိုနေတာလဲ မေမေရယ်။ မောနေမှာပေါ့။ သမီး မေမေ့ကို နှစ်သိမ့်ပေးချင်တရ်။ သမီးဘယ်လို လုပ်ရမလဲဟင်။ အားယူရင်း မေမေ့ကို လှုပ်ခေါ်မိတရ်။ ရုတ်တရက် မေမေငြိမ်သက်သွားတရ်။ သမီးခေါ်တာ သိလို့လားဟင်။ ဗိုက်ပေါ်ကို မေမေ အသာယာစမ်းကြည့်နေတရ်။ သမီးကို မေမေလက်နဲ့ ကိုင်အုပ်ထားတရ်။ မေမေ့လက်ကို သမီးပြန်ထိနိုင်ဖို့ ကြိုးစားနေမိတရ်။ ပျော်လိုက်တာ မေမေရယ်။ မေမေလဲ ရင်တွေ ခုန်နေတာ သမီးသိတာပေါ့ …။
**********
“ကလေးလှုပ်တရ် … ဒါဆို သူအသက်ရှိနေတာပေါ့။ ဘယ်လို ပုံစံလေးလဲမသိဘူး။ ငါ … ဒါဆို … ငါက ကလေးအမေ ဖြစ်နေပြီပေါ့”
**********
ဒါပေါ့ မေမေရဲ့။ မေမေက သမီးအမေ … သမီးက မေမေ့သမီးလေ။ မေမေ့လိုပဲ အသားဖြူဖြူဆွတ်ဆွတ်လေး။ အခု သမီးလေးမှာ ခြေချောင်းလေးတွေနဲ့ လက်ချောင်းလေးတွေ ၁၀ချောင်းပါတယ် သိလား။ ရှည်ရှည် သွယ်သွယ်လေးပေါ့။ ဒါကတော့ ဖေဖေနဲ့ တူတရ်ထင်တရ်။ ဟုတ်လားဟင်။ သမီးကတော့လေ .. ဖေဖေ့လိုဖြစ်ချင်တရ်။ ဖေဖေနဲ့ ပိုတူချင်တရ်။ မေမေစိတ်မဆိုးနဲ့နော် …။
**********
အယ် … ကြည့်။ မေမေ သမီးကို စိတ်ကောက်နေပြီ။ လာပါ မေမေရယ်။ သမီးနဲ့ ကစားရအောင်နော်။ မေမေကလဲ သမီးကို လှမ်းပုတ်လိုက်ရင် သမီးလဲ မေမေ့ဗိုက်ကို ပြန်ပုတ်(လှုပ်ပြ)ပြီး အချက်ပေးမှာပေါ့။ ဖေဖေ့ကို မပြောပြနဲ့နော်။ ဒါက သမီးနဲ့ မေမေနဲ့ ၂ယောက်တည်း သိတဲ့ လျို့ဝှက်စကားပြောနည်းပေါ့။ သမီးတစ်ခါလှုပ်ရင် .. အဲ့ဒါ “မေမေ့ကို သမီးချစ်တရ်” လို့ ပြောတာလို့ မှတ်နော်။
“မေမေ့ကို ချစ်တရ် …”
**********
“မောင်က သူ့သွေးသားရင်း မစစ်ဘူးလို့ ငါ့ကိုစွပ်စွဲခဲ့တရ်။ အခုချိန်မှာ ဘာမှရှင်းပြနေလို့လဲ မရတော့ဘူး။ မောင်တောင်မှ မလိုချင်တဲ့ ကလေး။ မွေးတော့လဲ မျိုးမစစ်လို့ပဲ အပြောခံရမှာ။ ဒီလိုတော့ အဖြစ်မခံနိုင်ဘူး”
**********
“အားးးး !” ကယ်ပါဦး မေမေ…။ သမီးနေတဲ့ အိမ်လေးဆီကို ဆေးရည်တွေ ၀င်လာပြီး အတင်းဖြိုချနေတရ်။ သမီးကို ကာကွယ်ထားတဲ့ သားအိမ် နံရံကို ဖျက်ဆီးနေကြတရ်။ ဘာတွေ ဖြစ်ကုန်တာလဲ မေမေရယ်။ သမီးလေ အသက်ရှူမ၀တော့ဘူး။ အားအင်တွေလဲ မရှိတော့သလိုပဲ မေမေရယ်။ သြော် … မေမေနေမကောင်းဘူးကိုး။ တောင်းပန်ပါတရ် မေမေ။ အခုလဲ သမီးကြောင့် မေမေ နေမကောင်းဖြစ်ပြီး အိပ်ရာပေါ် လှဲနေရပြန်ပြီ။ မေမေ အရမ်းနာကျင်နေလားဟင်။ သမီးလဲ နာကျင်နေတရ်။ ဒီနေ့တော့ မကစားနိုင်တော့ဘူး ထင်တရ် မေမေရေ …။
**********
တစ်ညလုံး မေမေ လှူးလှိမ့်နေတရ်။ နာနေလို့လားမေမေ..။ သမီးလဲ အရမ်းကို နာကျင်နေတရ်။ မေမေ့လက်ကလေး သမီးအပေါ်ကို ရောက်လာခဲ့တရ်။ မေမေသမီးကို ခေါ်နေတာလားဟင်။ ခဏလေးနော် … သမီးအားယူလိုက်ဦးမယ် မေမေရယ် …။
“မေမေ့ကို ချစ်တရ် …”
အားးးး နာလိုက်တာ မေမေရယ်။ သမီးလေ …။ အားတွေကုန်ခမ်းနေပြီ။ ဖေဖေရော် ရှိနေလားဟင်။ ဖေဖေ့ကိုလဲ သမီးစကားပြောချင်တရ်။ ဖေဖေ့လက်ကို သမီးပေါ်တင်ပေးပါလားဟင်။ ရုတ်တရက် ဖေဖေ့လက်လေး သမီးပေါ်ရောက်လာတရ်။ ဖေဖေ့လက်ဖ၀ါးက အကြီးကြီးပဲနော်။ ပြီးတော့ နွေးနေတာပဲ။ ဖေဖေ … ဖေဖေ့ကို သမီးပြောစရာရှိလို့ပါ …
“ဖေဖေ့ကို ချစ်တရ် …” …..။
“မေမေ့ကို ချစ်တရ် …”
“ဖေဖေ့ကို ချစ်တရ် …”
“မေမေ့ကို ချစ်တရ် …”
“ … ”
“ … ”
- - - - - - - - - - - - - - - -
- စာဖတ်သူဆီကို ခံစားချက် တစ်ခုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတရ်။
- ကိုယ်ဝန်ဖျက်ချခြင်း ပျက်ကျခြင်းမှ ကင်းဝေး ရှောင်ရှားနိုင်ကြပါစေ…။
(အမှောင်တိုက်ကြား လူငယ်)
Sunday, October 24, 2010
The Universal Declaration of Human Rights အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေ့း ကြေညာစာတမ်း
Human Right #1 "We Are All Born Free and Equal
အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊
Thursday, October 21, 2010
လင်းလက်နိုင်မဲ့ ကြယ်ကလေးများအကြောင်း
သူငယ်ချင်းတို့ရေ
တိုင်ပင်စရာလေးရှိလို့ပါ အားလုံးသိပြီးထားတဲ့အတိုင်းပဲ ကြယ်လေးဟာထိုင်းနိုင်ငံနယ်စပ်မြို့ မယ်ဆိုင်မြို့ရှိ Development and Education Centre မှာVolunteer တစ်ယောက်ပါ.. ဒီCentre ဟာပညာရေး
ငါ့မှားသွားတဲ့နေ့ ... ...
အဲ့ဒီနေ့ ...
***_* ငါတို့ကျောင်းမှာ လူတွေ လှုပ်လှုပ်ရွရွနဲ့ .. ပြေးလွားနေကြတရ်။ ဒီနေ့ ငါတို့ အားလုံး "အူဘောန်ရချထနီ" ကိုခရီးထွက်ကြမရ်လေ။ ဟိုဟာပြေးယူ .. ဒီဟာပြေးယူနဲ့ .. အားလုံးရှုပ်ရှပ်ခတ်နေခဲ့တရ် ... ငါကတော့ ငါ့ဖုန်းလေးကို
အသံမဲ့ လူငယ်ရဲ့ ဖေ့ဘွတ် (My Facebook)
အချစ်တစ်ခုရဲ့ ညနေခင်း
နောက်ဆုံး အချစ်
လေတိုးသံရဲ့ ကဗျာ
(မဖတ်ကြပါနဲ့ ... )
ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့တဲ့ ညတွေများခဲ့ပြီ ။ မျက်လုံးတွေကြောင်စီစီဖြစ်နေတဲ့ညတွေများခဲ့ပြီ။ ရက် ၃၀ ပဲကျန်တရ် ... ငါအိမ်မပြန်ချင်တော့ဘူး။ ငါအိမ်ပြန်လို့ မဖြစ်ဘူး။ ငါအရှုံးမပေးနိုင်ဘူး။ မဖြစ်သေးဘူး။
ငါဘရ်လိုလုပ်ရမလဲ ...................................။
၃ နှစ်ပြည့် သီအိုရီ
ကလေးရေ ........
ငါ့ကဗျာတွေ အကြောင်း
ငါကဗျာတွေရေးဖူးပါတရ် ...
လူတွေအကြောင်း
သစ်ပင်တွေအကြောင်း
ငှက်ကလေးတွေအကြောင်း
ရေတွေ တိမ်တွေအကြောင်း
ပြီးတော့ ....
မင်းအကြောင်း ....။
ချစ်သူတစ်ယောက် အကြောင်း
အထီးကျန်
တစ်နှစ်စာ တံတိုင်း (CDETC)
Monday, June 21, 2010
ညနက် ပုံပြင်
ညတွေထဲက တစ်ည
အမှောင်ထဲမှာ လျှောက်နေကျ
ခြေရာတစ်ချို့ ထင်ကျန်နေတရ်
ငါသိနေတရ် ဒါအိမ်မက်ပဲ ……..။